ရုံတင်ပြသ ငွေဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေတဲ့ “Deadpool” ရုပ်ရှင်

ရုံတင်ပြသ ငွေဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေတဲ့ “Deadpool” ရုပ်ရှင်

“Deadpool” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၅၅ သန်းရရှိကာ ရုံတင်ပြသငွေစာရင်း တွင် သီတင်းပတ် နှစ်ပတ်ဆက်တိုက် ဦးဆောင်လျက်ရှိပြီး ပြည်တွင်းရရှိငွေ စုစုပေါင်းသည် အမေရိ ကန်ဒေါ်လာ ၂၃၅ ဒသမ ၄ သန်းရှိခဲ့ကြောင်း ရုံတင်ပြသငွေ အချက်အလက်များ စုစည်းသည့်  comScore ၏ ပြောကြားချက်အရ သိရသည်။

"Deadpool" ရုပ်ရှင်ကားသည် ပြည်ပဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅၆ ဒသမ ၅ သန်းကို ရယူ နိုင်ခဲ့သည်။ "Kung Fu Panda 3"  ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၁၂ဒသမ ၅ သန်း ရရှိကာ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး ပြည်တွင်းရရှိငွေ စုစုပေါင်းသည်  အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၁ သန်း ရရှိခဲ့သည်။

တတိယနေရာတွင်  Sony Pictures Entertainment ၏ “Risen”  သမ္မာကျမ်းလာ ဒရမ်မာ ရုပ်ရှင်ကားက ရပ်တည်နေပြီး ခန့်မှန်းခြေအားဖြင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်း ရရှိသည်။ အဆိုပါ ရုပ်ရှင်ကားကို ရိုက်ကူးရာတွင်  အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျခဲ့သည်။

ကြောက်မက်ဖွယ် ရုပ်ရှင်ကား “The Witch” (A24) ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၈ ဒသမ ၇ သန်းရရှိခဲ့ပြီး စတုတ္ထနေရာတွင် ရပ်တည်နေသည်။ "How to be Single" ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၈ ဒသမ၂ သန်းရရှိကာ ပဉ္စမနေရာတွင် ရပ်တည်နေသည်။

တတိယမြောက် ရုပ်ရှင်ကားဖြစ်သော “ Race” ရုပ်ရှင်ကားသည် လက်မှတ်ရောင်းချရငွေ အမေရိကန်ဒေါ်လာ ၇ဒသမ ၃သန်းရရှိခဲ့သည်။ ယင်းရုပ်ရှင်ကားသည် ၁၉၃၆ ခုနှစ် ဘာလင် အိုလံ ပစ်ပွဲတော်တွင် အောင်ပွဲခံခဲ့သော အာဖရိက-အမေရိကန် အပြေးသမား ဂျက်ဆီအိုဝန်အကြောင်းကို ပြန်ပြောင်းပြောပြသော ရုပ်ရှင်ကား ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required