မန်ယူမှ ထုတ်ပယ်ခံရပါက အပန်းဖြေရန် ဗန်ဟားလ်ကို နယ်သာလန် ခရီးသွားကုမ္ပဏီတစ်ခုမှ ကမ်းလှမ်း

မန်ယူမှ ထုတ်ပယ်ခံရပါက အပန်းဖြေရန် ဗန်ဟားလ်ကို နယ်သာလန် ခရီးသွားကုမ္ပဏီတစ်ခုမှ ကမ်းလှမ်း

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၂၁ ။              ။ နယ်သာလန် ခရီးသွားကုမ္ပဏီတစ်ခုက မန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်ကို  ထူးဆန်းသည့် ကမ်းလှမ်းမှု တစ်ခုပြုလုပ်လိုက်သည်။

လက်ရှိအချိန်၌ မန်ယူနည်းပြ ဗန်ဟားလ်သည် ရှရူးဘူရီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ပါက ရာထူးမှ ထုတ်ပယ်ခံရမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

ထိုကဲ့သို့ ဖြစ်လာပါက ဗန်ဟားလ်အနေဖြင့် အနားယူရန်လိုအပ်သည့်အတွက် နယ်သာလန် အွန်လိုင်းခရီးသွားအေဂျင်စီတစ်ခုက ဗန်ဟားလ်ကို ထူးဆန်းအံ့သြဖွယ်ကောင်းသည့် ခရီးတစ်ခုသွားရန် ကမ်းလှမ်းလိုက်သည်။

GeniusTravel အေဂျင်စီက ဗန်ဟားလ်နှင့် ၎င်း၏ဇနီးတို့ နှစ်ဦးစလုံး ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို သွားနိုင်ကြောင်း ဆိုထားသည်။

GeniusTravel အေဂျင်စီကို တည်ထောင်သူ ဖာရန်က 'ဗန်ဟားလ် အင်္ဂလန်ကို ရောက်ကတည်းက မန်ယူအသင်းရော နယ်သာလန်အသင်းပါ ရလဒ်တွေ ဆိုးရွားကျဆင်းခဲ့ပါတယ်။

ဗန်ဟားလ်အနေနဲ့ အနားယူဖို့ လိုအပ်တာကြောင့် ကျွန်တော် အခုလို ကမ်းလှမ်းခဲ့တာပါ။ အခုအချိန်ကစပြီး ဘယ်အချိန်ဖြစ်ဖြစ်ပါ။ သူ ဟော်လန်မှာ ရှိနေကတည်းက ကျွန်တော်တို့ သူ့ကို ချစ်ခင်ကြတာပါ။ ဒါကြောင့် သူသာ ပြန်လာမယ်ဆိုရင် ကူညီဖို့ အဆင်သင့်ပါပဲ။

ရှရူးဘူရီကို ရှုံးပြီး ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာခဲ့မယ်ဆိုရင် သူအဝေးကို အလျှင်အမြန်ထွက်ခွာသွားဖို့ ကျွန်တော်တို့မှာ ကားတွေရော လေယာဉ်ပျံတွေပါ အဆင်သင့်ရှိပါတယ်' ဟု ပြောဆိုခဲ့သည်။

Ref : thesun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly