ဟင်္သာတ-တလုတ္ထော် ကားလမ်းတွင် ဆိုင်ကယ်ကယ်ရီသမားအား ဓါးထောက် လုယက်မှုဖြစ်ပွား

ဟင်္သာတ-တလုတ္ထော် ကားလမ်းတွင် ဆိုင်ကယ်ကယ်ရီသမားအား ဓါးထောက် လုယက်မှုဖြစ်ပွား

ဟင်္သာတ၊ နိုဝင်ဘာ ၂၀ ။               ။ ဟင်္သာတ-တလုတ္ထော် ကားလမ်းမပေါ်ရှိ ကျုံတုံးကျေးရွာအုပ်စု တာဂွကျေးရွာထိပ်တွင် ဖေဖော်ဝါရီလ ၁၉ ရက် ည ၁၀နာရီခွဲခန့်က ဓားထောက် လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကြံခင်းမြို့နယ် ရွာသစ်ကုန်းရပ်ကွက် ဘက်ရဲလမ်းနေ ဇော်မင်းမင်း(အသက် ၃၈နှစ်)မှ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် ဆိုင်ကယ်အငှားလိုက်သူ မိုးသူရ(ခ) မိုးကြီး (အသက် ၂၉)အား ဆိုင်ကယ် ကယ်ရီငှားရမ်းခဲ့သည်။ ထို့နောက် ဟင်္သာတမြို့အထွက် တာဂွကျေးရွာထိပ်ရှိ လူပြတ်သောနေရာအရောက်တွင် နောက်တွင်စီးလာသူ ဇော်မင်းမင်းမှ မိုးသူရ(ခ)မိုးကြီးအား အရိုးအသွား ၅လက်မခန့်ရှိသော ဓားဦးချွန်ဖြင့် လည်ပင်းအားထောက်၍ စီးလာသော လော့ဂျားအနက်ရောင်ဆိုင်ကယ်(လိုင်စင်မရှိ)အား လုယူရန်ကြိုးပမ်းခဲ့ပြီး အပြန်အလှန် လုံးထွေးသတ်ပုတ်ခဲ့ကြသည်။

ဖြစ်စဉ်ကြောင့် မိုးသူရ(ခ)မိုးကြီး၏ လည်ပင်းတည့်တည့်၌ ပြတ်ရှဒဏ်ရာတစ်ချက် (မစိုးရိမ်ရ) ယာဘက်လက်ခလယ်နှင့် လက်သန်းကြွယ်တို့တွင် ပြတ်ရှဒဏ်ရာတစ်ချက်စီ ရရှိခဲ့ပြီး ဆိုင်ကယ် လုယက်ရန်ကြိုးပမ်းသူ ဇော်မင်းမင်း၌ ဦးခေါင်းထိပ်တွင် ပေါက်ပြဲဒဏ်ရာတစ်ချက် (မစိုးရိမ်ရ) ဝဲဘက်ချိုစောင်းနှင့် ယာနားရွက်နောက်နားတွင် ဖူးယောင်ဒဏ်ရာတစ်ချက်စီနှင့် လက်ကောက်ဝတ် ပွန်းခြစ်ဒဏ်ရာတို့ အသီးသီး ရရှိခဲ့ကြသည်။

၎င်းတို့နှစ်ဦးအား ဟင်္သာတဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဆိုင်ကယ်လုယူရန်ကြိုးပမ်းသူ ဇော်မင်းမင်းအား (ပ)-၂၅/၂၀၁၆ပြစ်မှု ပုဒ်မ-၃၉၄ ဖြင့် ဟင်္သာတမြို့မ   အမှတ်-၂ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required