မွေးနေ့ပွဲကို သူငယ်ချင်းများနှင့်အတူ ဆင်နွှဲခဲ့တဲ့ ပက်ခ်ရှင်ဟေး

မွေးနေ့ပွဲကို သူငယ်ချင်းများနှင့်အတူ ဆင်နွှဲခဲ့တဲ့ ပက်ခ်ရှင်ဟေး

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၀ ။           ။ တောင်ကိုရီးယားမင်းသမီး ပက်ခ်ရှင်ဟေးသည် ဖေဖော်ဝါရီ ၁၈ ရက်က ၎င်း၏ ၂၇ နှစ်ပြည့် မွေးနေ့ပွဲကို သူငယ်ချင်းများနှင့်အတူ ဆင်နွှဲခဲ့သည်။

ပက်ခ်သည် ၎င်း၏ မွေးနေ့ပွဲပါတီတွင် ရိုက်ထားသော ဓာတ်ပုံများကို Instagram အကောင့် တွင် တင်ခဲ့သည်။ ပက်ခ်သည် သူငယ်ချင်းကိုးယောက်နှင့်အတူ စားပွဲတွင် အတူထိုင်ခဲ့ပြီး မွေးနေ့ပွဲကို ဆင်နွှဲခဲ့ကြောင်း နှင့်စားပွဲပေါ်တွင် ကိတ်နှင့် အခြားသော အစားအစာများကိုလည်း မြင်တွေ့ရသည်။

“ဒီနေ့မှာ ကျွန်မနဲ့အတူ ရှိနေပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ အရမ်းကို ပျော်ရွင်ရပါတယ်” ဟု ဓာတ်ပုံအောက်တွင် မွေးနေ့ပွဲ အတူဆင်နွှဲခဲ့သည့် သူငယ်ချင်းများ အားလုံးကို ရည်ရွယ်၍ ရေးသားထားသည်။

ပက်သည် မကြာသေးမီက ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကားသစ် “Older Brother” ကို ရိုက်ကူးပြီးစီးခဲ့ကြောင်းနှင့် ယင်းဇာတ်ကားတွင် ပက်ခ်သည် EXO အဖွဲ့ဝင် ဒိုခေါမ်ဆိုနှင့် မင်းသား ဂျိုဂျောင်ဆွတ်ခ် တို့နှင့်အတူ သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly