ဘေလ်ဘုတ်၏ ကမ္ဘာ့တေးအယ်လ်ဘမ် ဇယားတွင် ကေပေါ့ပ်စံချိန်ကို ချိုးဖျက်ခဲ့တဲ့ BTS

ဘေလ်ဘုတ်၏ ကမ္ဘာ့တေးအယ်လ်ဘမ် ဇယားတွင် ကေပေါ့ပ်စံချိန်ကို ချိုးဖျက်ခဲ့တဲ့ BTS

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၀ ။           ။ တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ BTS သည် ဘေလ်ဘုတ်၏ ကမ္ဘာ့တေးအယ်လ် ဘမ် ဇယားတွင် ကေပေါ့ပ်၏ စံချိန်ကို ချိုးဖျက်ခဲ့သည်။

BTS အဖွဲ့၏ စတုတ္တမြောက် မီနီအယ်လ်ဘမ် “The Most Beautiful Moment in LifePt.2”    ပြီခဲ့သည့်နှစ် နိုဝင်ဘာလက ထွက်ရှိခဲ့ပြီး မကြာမီ ကမ္ဘာ့တေးအယ်လ်ဘမ် ဇယားတွင် ပထမနေရာတွင် ရပ်တည်ခဲ့ကာ ထိပ်တန်း ၁၀ နေရာတွင် သီတင်းပတ် ၁၁ ပတ်ဆက်တိုက် ရပ်တည်ခဲ့သည်။ အဆိုပါ တေးအယ်လ်ဘမ်သည် ဖေဖော်ဝါရီ ၂၇ ရက်က သတ္တမမြောက်နေရာတွင် ရပ်တည်ခဲ့သည်။

BTS အဖွဲ့သည် တေးအယ်လ်ဘမ်ဇယားတွင် ကေပေ့ါပ်သမိုင်းတွင် သီတင်းပတ်ခြောက် ပတ်အတွင်း ဒုတိယအကြိမ် ပထမနေရာကို ရရှိခဲ့ပြီး သီတင်းပတ် လေးပတ်ဆက်တိုက် ထိပ်တန်း နေရာကို ရရှိခဲ့သည့်  ပထမဆုံး အဖွဲ့ဖြစ်သည်။ BTS အဖွဲ့သည် အခြားသော ကေပေါ့ပ်အဖွဲ့များထက် ဘေလ်ဘုတ် ကမ္ဘာ့တေးအယ်လ်ဘမ် ဇယားတွင် ပထမနေရာ၌ အချိန်အကြာဆုံး ရပ်တည်ခဲ့သည့် အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required