အမေရိကန် စာရေးဆရာမ ဟာပါလီ ကွယ်လွန်

အမေရိကန် စာရေးဆရာမ ဟာပါလီ ကွယ်လွန်

နယူးယော့ခ်၊ ဖေဖော်ဝါရီ ၂၀။            ။ အမေရိကန်စာပေတွင် ထည်ထည်ဝါဝါ ရပ်တည်နေသော “To Kill a Mockingbird”စာအုပ်ကို ရေးသားခဲ့သူ အမေရိကန်စာရေးဆရာမ ဟာပါလီသည် ဖေဖော်ဝါရီ ၁၉ ရက်က ကွယ်လွန်ခဲ့ကြောင်း နှင့် ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်ရှိပြီ ဖြစ်သည်။

“လီဟာ ဖေဖော်ဝါရီ ၁၉ ရက်နံနက်က အိပ်နေစဉ် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ လီဟာ မကွယ်လွန်ခင်အချိန်ထိ ကျန်းမာရေး ကောင်းနေခဲ့ပါတယ်။ လီကွယ်လွန်မှုအတွက် မိသားစုဝင်တွေ လည်း ဝမ်းနည်း ပူဆွေးရပါတယ်။ မကြာမီရက်များအတွင်း ဈာပနအခမ်းအနားကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု လီ၏ မိသားစုဝင်များက အစီရင်ခံစာတွင် ပြောကြားထားသည်။

“To Kill a Mockingbird” စာအုပ်သည် အမေရိကန်စာပေတွင် ထည်ထည်ဝါဝါ ရပ်တည်နေ ဆဲဖြစ်ပြီး အမေရိကန် တောင်ပိုင်းဒေသတွင်  အဓမ္မပြုကျင့်မှုဖြင့် စွဲချက်တင်ခံရသော လူမည်းအမျိး သား တစ်ဦးအတွက် ခုခံကာကွယ်ပြောဆိုပေးသော လူဖြူရှေ့နေအကြောင်းကို ရေးဖွဲ့ထားသော စာအုပ်ဖြစ်သည်။

“To Kill a Mockingbird” စာအုပ်ကို ၁၉၆၀ ခုနှစ်က ထုတ်ဝေခဲ့ရာ ကမ္ဘာတစ်ဝန်းတွင် အုပ်ရေပေါင်းသန်း ၄၀ ကျော် ရောင်းချခဲ့ရသည်။ ယင်းစာအုပ် ထွက်ရှိခဲ့ပြီးနောက် ၅၅ နှစ်အကြာ ၂၀၁၅ ခုနှစ်တွင် နောက်ဆက်တွဲစာအုပ် “Go Set a Watchman” စာအုပ်ကို ထုတ်ဝေခဲ့သည်။ ဟာပါလီသည် ၂၀၀၇ ခုနှစ်က အမေရိကန်သမ္မတဟောင်း ဂျော့ရှ်ဒဗလျူဘုရှ် ပေးအပ်သော “Presidential Medal of Freedom” ဆုကို ရရှိခဲ့သည်။

လီကို ၁၉၆၂ ခုနှစ်က  အယ်လာဘာမားပြည်နယ် မွန်ရိုဗီလ်လီမြို့တွင် မွေးဖွားခဲ့ပြီး ရှေ့နေ အေမာဆာကိုးလ်မန်လီနှင့် ဖရန့်စ်ကန်နစ်ဟမ်ဖီးနစ်လီတို့၏ သားသမီးလေးဦးအနက် အငယ်ဆုံး သမီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required