ဂျိမ်းစဘွန်းဇာတ်ကားတွင် ပါဝင်သည့် Aston Martin ကုမ္ပဏီထုတ်ကားကို စတာလင် ပေါင် ၂ ဒသမ ၄ သန်းဖြင့် လေလံတင် ရောင်းချခဲ့

ဂျိမ်းစဘွန်းဇာတ်ကားတွင် ပါဝင်သည့် Aston Martin ကုမ္ပဏီထုတ်ကားကို စတာလင် ပေါင် ၂ ဒသမ ၄ သန်းဖြင့် လေလံတင် ရောင်းချခဲ့

နယူးယော့ခ်၊ ဖေဖော်ဝါရီ ၂၀။          ။ ဂျိမ်းစဘွန်းဇာတ်ကားတွင် ပါဝင်ခဲ့သည့် Aston Martin ကုမ္ပဏီထုတ် DB10 ကို စတာလင် ပေါင် ၂၄,၃၄၅,၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့သည်။

 DB 10 ကားသည် ဂျိမ်းစဘွန်း ရုပ်ရှင်ကားအတွက် အထူးထုတ်လုပ်ခဲ့သည့် ကား ၁၀ စင်းအ နက် တစ်စင်းအပါအဝင်ဖြစ်ပြီး လေလံပွဲတွင် ကြမ်းခင်းဈေး စတာလင်ပေါင် ၁ သန်းကို ကျော်လွန်ကာ စတာလင်ပေါင် ၂ သန်းကျော်ဖြင့် ရောင်းချနိုင်ခဲ့သည်။

အဆိုပါကားကို အင်္ဂလန်နိုင်ငံ ဝါးဝစ်ခ်ရှိုင်းယားခရိုင်တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၄ ဒသမ ၇ လီတာဝင် V8 ဓာတ်ဆီအင်ဂျင် အမျိုးအစားဖြစ်ပြီး အမြင့်ဆုံးနှုန်း တစ်နာရီလျှင် ၁၉၀ မိုင် မောင်းနှင် နိုင်သော်လည်း အများပြည်သူသုံး လမ်းများတွင် မောင်းနှင်အသုံးပြု၍ မရပေ။

Christie’s London King Street လေလံတင် ရောင်းချပွဲတွင် အတွဲပေါင်း ၁၀ တွဲကို စတာ လင်ပေါင် ၂၇,၈၅၅,၀၀၀ ဖြင့် ရောင်းချခဲ့သည်။ နောက်ထပ် ပစ္စည်း ၁၄ မျိုးကိုလည်း  ဖေဖော်ဝါရီ ၂၃ ရက်နေ့ နောက်ဆုံးထား၍ အွန်လိုင်းမှ လေလံတင်ရောင်းချမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။

အခြားသော ပစ္စည်းတွဲများတွင် Spectre ဇာတ်ကားတွင် မင်းသားကြီး ဒန်နီရဲလ်ခရက် ဝတ်ဆင်ခဲ့သည့် ဝတ်စုံကိုလည်း ပါဝင်ခဲ့ပြီး စတာလင်ပေါင် ၉၈,၅၀၀ ဖြင့် လေလံတင် ရောင်းချခဲ့သည်။

ဂျိမ်းစဘွန်း ဇာတ်ကား “Spectre”ဇာတ်ဝင် တေးသီချင်းဖြစ်သော အဆိုတော် ဆမ်စမစ်၏ “Writing on the Wall” တေးသီချင်း ပုံနှိပ်ဂီတ သင်္ကေတစာရွက်ကို စတာလင်ပေါင် ၉၃၇၅ ဖြင့် လေလံတင် ရောင်းချနိုင်ခဲ့သည်။

Aston Martin ကုမ္ပဏီသည် ၁၉၆၄ ခုနှစ် Goldfinger ရုပ်ရှင်နောက်ပိုင်းတွင် ဘွန်းနှင့်အတူ ပူးပေါင်း လုပ်ဆောင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။ ဂျိမ်းစဘွန်း ရုပ်ရှင် ရိုက်ကူးနေချိန်အတွင်း ကားတန်ဖိုး အမေရိကန်ဒေါ်လာ ၃၆ သန်း ပျက်စီး ဆုံးရှုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required