မြောက်အမေရိက ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီစဉ်ရက်ကို ရွှေ့ဆိုင်းလိုက်တဲ့ ရီဟားနား

မြောက်အမေရိက ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီစဉ်ရက်ကို ရွှေ့ဆိုင်းလိုက်တဲ့ ရီဟားနား

R&B အဆိုတော် ရီဟားနားသည် ထုတ်လုပ်မှုများ နှောင်းနှေးခဲ့မှုကြောင့် မြောက်အမေရိက ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီစဉ် စတင်မည့် ရက်ကို ရွှေ့ဆိုင်းခဲ့သည်။

ရီဟာနားသည် “Anti” တေးအယ်လ်ဘမ်အတွက် မြောက်အမေရိက ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ကို မူလက ဖေဖော်ဝါရီ ၂၆ ရက်တွင် ကာလီဖိုးနီးယားပြည်နယ် ဆန်ဒီယာဂိုမြို့တွင် စတင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဖျော်ဖြေရေးရက်ကို ဖလော်ရီဒါပြည်နယ် ဂျက်ခ်ဆွန်ဗဲလ် မြို့၌ မတ် ၁၂ ရက်တွင် စတင် ကျင်းပသွားမည် ဖြစ်သည်။

ဆန်ဂျိုးစ်၊ ဖီးနစ် ၊ တက္ကဆက်ပြည်နယ်ရှိ ဖျော်ဖြေရေးရက်များ၊ အက်တလန်တာ၊ နယူးအော် လန် အပါအဝင် ဖျော်ဖြေရေးခရီစဉ်၏ ပထမဆုံး ဖျော်ဖြေပွဲရှစ်ပွဲကို ဖေဖော်ဝါရီနှင့် မတ်လမှ မေလအ ထိ ရွှေ့ဆိုင်းခဲ့ကြောင်း ရီဟားနား၏ ကိုယ်စားလှယ်က လော့စ်အိန်ဂျလိစ်တိုင်းမ်သို့ ပြောကြားခဲ့သည်။

ရီဟာနားသည် ဂရမ်မီဆုပေးပွဲတွင် အသံကြိုး ပြဿနာကြောင့် ၎င်းဖျော်ဖြေမည့် အစီစဉ်ကို ရုတ်သိမ်းခဲ့ပြီးနောက် မကြာမီရက်များအတွင်း အဆိုပါသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ဂရမ်မီဆုပေးပွဲ အဆန်းလေ့ကျင့်တဲ့ရက် ပြီးနောက်မှာ ရီဟားနားရဲ့ ဆရာဝန်က ရီဟားနားရဲ့ ဆေးစစ်ချက် မှတ်တမ်းတွေကို ကြည့်ကာ ရီဟားနားရဲ့ အသံကြိုးဟာ ပျက်စီးဖို့အခြေနေရှိတာကြောင့် ၄၈ နာရီ အနားယူဖို့ ပြောကြားခဲ့ပါတယ်” ဟု အစီရင်ခံစာတွင် ပြောကြားထားသည်။

“Anti” ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်းမှစ၍  ရီဟားနား၏ ပထမဆုံး တစ်ကိုယ်တော် ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ဖြစ်သည်။

ရီဟားနား၏ ချစ်သူဟု ကောလဟာလသတင်း ထွက်နေသော ရက်ပါအဆိုေတော် ထရာဗစ်စ ကော့သည် မြောက်အမေရိက ဖျော်ဖြေရေးခရီစဉ် အဖွင့်ဖျော်ဖြေရေးတွင် ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး  ဘစ်ဆန်နှင့် The Weeknd တို့သည် ဥရောပခရီးစဉ်တွင် ပါဝင် ဖျော်ဖြေပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly