ဆီးရီးယားရှိ အမေရိကန်အထူးတပ်ဖွဲ့များကို ဗုံးမကြဲရန် ရုရှားကို အမေရိကန်အသိပေး

ဆီးရီးယားရှိ အမေရိကန်အထူးတပ်ဖွဲ့များကို ဗုံးမကြဲရန် ရုရှားကို အမေရိကန်အသိပေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉ ။             ။ ဆီးရီးယားရှိ အမေရိကန်အထူးတပ်ဖွဲ့ဝင်များ မှား၍ဗုံးကြဲမခံရစေရန် ယင်းတပ်ဖွဲ့ဝင်များရှိနေသည့်နေရာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အမေရိကန်က ရုရှားသို့ ပေးလိုက်သည်။

ဆီးရီးယားတွင် စစ်ဆင်ရေးဆောင်ရွက်နေသည့် ကျယ်ပြန့်သည့်နေရာများကို ဝါရှင်တန်က ရုရှားသို့ အသိပေးလိုက်ပြီး ယင်းနေရာများကို ရုရှားက တိုက်ခိုက်ခြင်းမပြုရန် တောင်းဆိုထားသည်ဟု အမေရိကန်စစ်ဘက်အရာရှိများက ဖေဖော်ဝါရီ ၁၈တွင် ပြောကြားခဲ့သည်။

ယင်းသို့အသိပေးတောင်းဆိုခြင်းက ဆီးရီးယားတွင် အမေရိကန် - ရုရှား စစ်ရေးညိနှိုင်းဆောင်ရွက်မှုမြင့်မားလာသည့် လက္ခဏာတစ်ရပ်ဖြစ်သည်။ အမေရိကန်နှင့် ရုရှားနှစ်နိုင်ငံစလုံးက ဆီးရီးယားတွင် ဗုံးကြဲစစ်ဆင်ရေး ဆောင်ရွက်နေသည်။

ယင်းသို့ရုရှားအား အသိပေးတောင်းဆိုမှုပြုလုပ်ထားကြောင်း အမေရိကန်လေတပ်ဗဟိုဋ္ဌာနချုပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ချားလ်စ်ဘရောင်းက ဖေဖော်ဝါရီ ၁၈က ပင်တဂွန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်သွေးကြွအုပ်စု အိုင်အက်စ်ကို တိုက်ခိုက်ရာတွင် ဆန့်ကျင်ဘက်တပ်ဖွဲ့ဝင်များကို အကြံပြုရန် ဆီးရီးယားမြောက်ပိုင်းသို့ အထူးတပ်ဖွဲ့ဝင်ဒါဇင်ပေါင်းများစွာကို ချထားမည်ဟု အောက်တိုဘာလက အမေရိကန်က ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required