အနုပညာသက်တမ်း ဆယ်နှစ်ပြည့် ပရိသတ် တွေ့ဆုံပွဲ ပြုလုပ်သွားမည့် ပက်ခ်ဟေဂျင်း

အနုပညာသက်တမ်း ဆယ်နှစ်ပြည့် ပရိသတ် တွေ့ဆုံပွဲ ပြုလုပ်သွားမည့် ပက်ခ်ဟေဂျင်း

တောင်ကိုရီးယားမင်းသား ပက်ခ်ဟေဂျင်းသည် အနုပညာသက်တမ်း ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီ ၂၃ ရက်တွင် ပရိတ်သတ်များနှင့် တွေ့ဆုံပွဲ ပြုလုပ်သွားမည် ဖြစ်သည်။ လက်ရှိအ ချိန်တွင် ပက်ခ်ဟေဂျင်းသည် tvN ရုပ်သံ၏ ဒရမ်မာဇာတ်လမ်းတွဲ “Cheese in the Trap” တွင် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်လျက် ရှိသည်။

ပက်ခ်နှင့် ၎င်း၏ အေဂျင်စီသည် WM ကုမ္ပဏီသည် မကြာမီပြုလုပ်မည့် ပရိတ်သတ် တွေ့ဆုံပွဲ အတွက် ကုန်ကျစရိတ်အားလုံးကို  အကုန်ကျခံသွားမည်ဖြစ်ပြီး ပရိတ်သတ် ၄၅၀၀၀ ခန့်ကို ဖိတ်ကြား သွားမည် ဖြစ်သည်။

“ပက်ခ်ဟာ သူကို အားပေးတဲ့ ချစ်တဲ့ပရိတ်သတ်တွေကို ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့ ပရိတ် သတ် တွေ့ဆုံပွဲကို ပြုလုပ်တာ ဖြစ်ပါတယ်” ဟု အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ဝက်ဆိုက်ဘ်ကနေတစ်ဆင့် ပွဲတတ်ရောက်ဖို့ စာရင်းပေးသွင်းထားတဲ့ သူတွေကိုလည်း ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်သော်လည်း ပရိတ်သတ် တွေ့ဆုံပွဲ ကျင်းပမည့်နေရာကို ယခုအ ချိန်ထိ ဆုံးဖြတ်ချက် မချရသေးကြောင်း သိရသည်။

ပက်ခ်သည် KBS ရုပ်သံ၏ ဒရမ်မာဇာတ်ကား “The Famous Seven Princesses” တွင် ပွဲဦးထွက် ပါဝင် သရုပ်ဆောင်ခဲ့ကြောင်းနှင့် ယင်းဇာတ်ကားကို ၂၀၀၆ ခုနှစ် ဧပြီ ၁ ရက်က ထုတ်လွှင့် ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required