နီဆန်းကုမ္ပဏီ ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ စက်ရုံထောင်ပြီး ကားထုတ်လုပ်မည်

နီဆန်းကုမ္ပဏီ ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ စက်ရုံထောင်ပြီး ကားထုတ်လုပ်မည်

ဂျပန် နီဆန်းမော်တော်ကားကုမ္ပဏီသည် စီးပွားရေးပွင့်လန်းလာနေသည့် မြန်မာနိုင်ငံ၌ ကားတပ်ဆင်ထုတ်လုပ်သည့် စက်ရုံကို ယခုနှစ်အတွင်း စတင်တည်ထောင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ပြောသည်။

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကားထုတ်လုပ်သည့် နီဆန်းကုမ္ပဏီက Sunny ဆလွန်းကားများ တပ်ဆင်ထုတ်လုပ်ရန်အတွက် ၎င်း၏ မိတ်ဖက်ကုမ္ပဏီဖြစ်သော Tan Chong Motor Group ကုမ္ပဏီမှ ရှိပြီးသားစက်ရုံကို လက်ဦးအသုံးပြုမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်း စက်ရုံသစ် တည်ဆောက်ကာ အပြည့်အဝထုတ်လုပ်မှုသွားမည်ဖြစ်ပြီး လုပ်သားအင်အား ၃၀၀ ဖြင့်နှစ်စဉ် ကားစီးရေ ၁၀၀၀၀ ကို ထုတ်လုပ်သွားမည်ဖြစ်သည်။

"မြန်မာနိုင်ငံမှာက စီးပွားရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ဝယ်လိုအားတွေ ရုတ်ခြည်းကြီးထွားလာလိမ့်မယ် မျှော်လင့်ထားတယ်။"ဟု နီဆန်းက ထုတ်ပြန်ထားသည်။ ၂၀၁၃ ခုနှစ်မှစပြီး မြန်မာနိုင်ငံသို့ နီဆန်းကုမ္ပဏီက ကားများ တင်သွင်းရောင်းချနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly