ဗြိတိန်တွင် စစ်သင်တန်းလာတက်သည့် ဆော်ဒီလေတပ်ဗိုလ်လောင်းနှစ်ဦး ဗြိတိန်သူကို မုဒိမ်းပြုကျင့်မှုဖြင့် ဖမ်းဆီးခံရ

ဗြိတိန်တွင် စစ်သင်တန်းလာတက်သည့် ဆော်ဒီလေတပ်ဗိုလ်လောင်းနှစ်ဦး ဗြိတိန်သူကို မုဒိမ်းပြုကျင့်မှုဖြင့် ဖမ်းဆီးခံရ

လန်ဒန်၊ ဖေဖော်ဝါရီ ၁၈ ။                 ။ ဆော်ဒီအာရေဗျနိုင်ငံသားနှစ်ဦးကို ဗြိတိန်အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ပြုမူမှုဖြင့် ဗြိတိန်နိုင်ငံတွင် ဖမ်းဆီးထားသည်။

အသက် ၂၁ နှစ်စီရှိ ဆော်ဒီနိုင်ငံသားနှစ်ဦးမှာ အင်္ဂလန်အနောက်ပိုင်း ကော့ဖို့ဒ်ရှိ ဗြိတိန်တော်ဝင်လေတပ်အခြေစိုက်စခန်းတွင် သင်တန်းလာရောက်တက်ရောက်နေသည့် ဆော်ဒီလေတပ်မှ ဗိုလ်လောင်းနှစ်ဦးဖြစ်သည်။

သီတင်းပတ်အစောပိုင်းက တဲလ်ဖို့ဒ်မြို့ငယ်အနီးတွင် ၎င်းလေတပ်ဗိုလ်လောင်းနှစ်ဦးက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျုးလွန်သည်ဟု အမျိုးသမီးတစ်ဦး လာရောက်တိုင်တန်းခြင်းကြောင့် ဖေဖော်ဝါရီ ၁၇ ရက်၌ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲဌာနက ပြောသည်။

ဗိုလ်လောင်းနှစ်ဦးမှ တစ်ဦးကို မုဒိမ်းမှုကျုးလွန်ဖွယ်ရှိ၍ ဖမ်းဆီးခြင်းဖြစ်ပြီး ကျန်တစ်ဦးကို ပူးပေါင်းကြံစည်ခဲ့ခြင်းဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရဲဌာနက ပြောပြီး နောက်လအထိ အာမခံဖြင့် လွှတ်ပေးထားကြောင်း ပြောသည်။

ဗြိတိန်တော်ဝင်လေတပ် ကော့ဖို့ဒ်လေ့ကျင့်ရေးစခန်းသည် ဆော်ဒီအာရေဗှနှင့် ကူဝိတ်အပါအဝင် ကမ္ဘာအနှံ့က ဗြိတိန်လေယာဉ်များ ဝယ်ယူသည့် နိုင်ငံများအတွက် ယခုကဲ့သို့ လေယာဉ်မှူးများကို ၎င်းတို့နိုင်ငံအတွက် ပျံသန်းနိုင်ရေး ခေါ်ယူလေ့ကျင့်သင်တန်းပါ ပေးနေခြင်းဖြစ်သည်။

“ဆော်ဒီက လေတပ်သင်တန်းသား ဗိုလ်လောင်းနှစ်ဦးကို မုဒိမ်းမှုနဲ့ ကြံရာပါအမှုတွေနဲ့ ရဲက ဖမ်းဆီးထားတာကို အတည်ပြုပေးနိုင်ပါတယ်။”ဟု တော်ဝင်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဒေးလီးမေးသတင်းဌာနသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required