တူရကီမြို့တော် အန်ကာရာတွင် ပေါက်ကွဲမှုဖြစ်၍ လူ ၂၈ ဦးသေဆုံး

တူရကီမြို့တော် အန်ကာရာတွင် ပေါက်ကွဲမှုဖြစ်၍ လူ ၂၈ ဦးသေဆုံး

အန်ကာရာ၊ ဖေဖော်ဝါရီ ၁၈ ။          ။ တူရကီမြို့တော် အန်ကာရာတွင် ပေါက်ကွဲမှုကြီးတစ်ရပ်ဖြစ်၍ လူပေါင်း အနည်းဆုံး ၂၈ ဦးသေဆုံးကာ ဒဏ်ရာရသူ ၆၁ ဦးရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ပေါက်ကွဲပစ္စည်းများ အပြည့်တင်လာသည့် ကားတစ်စီးဖြင့် စစ်တပ်ယာဉ်တန်းဖြတ်သန်းစဉ် ဖောက်ခွဲခြင်းဖြစ်ကြောင်း အန်ကာရာအုပ်ချုပ်ရေးမှူးရုံးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ရာသည် ပါလီမန်နှင့် အနီးနှင့် စစ်တပ်ရုံးချုပ်များ ရှိရာနားတွင် ဖြစ်ပွားခြင်းဖြစ်သည်။ အစွန်းရောက် အကြမ်းဖက် တစ်ရပ်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဘော့ဒက်က ပြောသည်။

ပေါက်ကွဲရာအရပ်မှ မီးခိုးလုံးများ လိပ်တက်လာသည်ကို တွေ့ရပြီး ပေါက်ကွဲသံကြီးကို တစ်မြို့လုံးကြားရကြောင်း မျက်မြင်များက ပြောသည်။

သေဆုံးဒဏ်ရာရသူများတွင် အရပ်သားများ ပါဝင်ပြီး ယခုဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မပြောထားသေးပေ။ ပေါက်ကွဲမှုဖြစ်ပြီးနောက် သံသယရှိဖွယ်အထုတ်တစ်ထုတ်ကို လုံခြုံရေးတပ်ဖွဲ့များ တွေ့ရှိ၍ ဖယ်ရှားလိုက်ရသည်။

“ဒီလိုတိုက်ခိုက်မှုတွေကို တုံ့ပြန်သွားဖို့အတွက် နိုင်ငံတွင်းနဲ့ နယ်စပ်အပြင်အထိပါ အားကောင်းစွာဆောင်ရွက်သွာမှာဖြစ်ပါတယ်။”ဟု ပေါက်ကွဲတိုက်ခိုက်မှုဖြစ်ပြီး နာရီအနည်းငယ်တွင် တူရကီသမ္မတ အာဒိုဂန်က ထုတ်ပြန်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required