“Formation” ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်တွင် ဖျော်ဖြေရေးရက် ထပ်မံဖြည့်တင်းခဲ့တဲ့ ဘီယွန်စေး

“Formation” ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်တွင် ဖျော်ဖြေရေးရက် ထပ်မံဖြည့်တင်းခဲ့တဲ့ ဘီယွန်စေး

နာမည်ကျော်အဆိုတော် ဘီယွန်စေး၏ “Formation” ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ် ဗြိတိန် ဖျော်ဖြေရေးခရီးအတွက် လက်မှတ်များကို ဖေဖော်ဝါရီ ၁၆ ရက်က ရောင်းချပေးခဲ့ရာ  မိနစ်သုံးဆယ် အတွင်း ရောင်းကုန်ခဲ့သည်။

ဘီယွန်းစေးသည် ယခုနှစ်နှောင်းပိုင်းတွင် လန်ဒန်မြို့ရှိ Wembley အားကစားကွင်း၌ ကျင်းပ ပြုလုပ်မည့် နောက်တိုး ဖျော်ဖြေရေးရက်ကို ကြေညာခဲ့သည်။ ဘီယွန်းစေးက ဖျော်ဖြေပွဲပြီးနောက် တစ်ရက်အကြာ ဇူလိုင် ၃ က်တွင် Wembley အားကစားကွင်း၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

နောက်တိုး ဖျော်ဖြေပွဲအတွက် လက်မှတ်များကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ရောင်းချပေးသွား မည် ဖြစ်သည်။ ဖေဖော်ဝါရီ ၁၆ ရက် မနက်က လက်မှတ်များကို ဝယ်ယူနိုင်ခဲ့ခြင်း မရှိသည့်အတွက် ပရိသတ်ထောင်ပေါင်များစွာ စိတ်ပျက်ခဲ့ရပြီး တွစ်တာပေါ်တွင် ဘီယွန်စေး၏ လက်မှတ်ဈေးနှုန်း မြင့်မားမှုအပေါ် မကျေမနပ် ပြောဆိုနေကြပြီး ဈေးအပေါဆုံး လက်မှတ်သည် စတာလင်ပေါင် ၅၀ ခန့်ရှိကြောင်း ပြောဆိုနေကြသည်။

ဘီယွန်စေးသည် ၂၀၁၃ ခုနှစ်က နောက်ဆုံးအကြိမ် ကမ္ဘာလှည့်ဖျော်ဖြေရေး ပြုလုပ်ခဲ့ကြောင်း နှင့် “Mrs Carter” ဖျော်ဖြေပွဲသည် ရက်ပေါင်း ၁၃၂ ရက် ကြာခဲ့သည်။ ဘီယွန်းစေးသည် ၂၀၁၄ ခုနှစ် က ခင်ပွန်းဖြစ်သူ ဂျေဇီးနှင့်အတူ “On The Run ” ဖျော်ဖြေပါတွင် ပါဝင် ဖျော်ဖြေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly