အဲဘတ်စ်က ဖိလစ်ပိုင်လေကြောင်းလိုင်းမှ ဒေါ်လာ ၁ဒသမ၈၅ ဘီလျံတန် အမှာစာ ရရှိ

အဲဘတ်စ်က ဖိလစ်ပိုင်လေကြောင်းလိုင်းမှ ဒေါ်လာ ၁ဒသမ၈၅ ဘီလျံတန် အမှာစာ ရရှိ

စင်ကာပူ၊ ဖေဖော်ဝါရီ ၁၇ ။          ။ ဖိလစ်ပိုင်လေကြောင်းလိုင်း(PAL)က A350-900s လေယာဉ်ခြောက်စင်းဝယ်ယူမှုအတွက် ဒေါ်လာ ၁ဒသမ၈၅ ဘီလျံတန် သဘောတူညီချက်တစ်ခုကို ရရှိထားကြောင်း ဥရောပလေယာဉ်ထုတ်လုပ်သူ အဲဘတ်စ်က ဖေဖော်ဝါရီ ၁၇ တွင် ပြောကြားသည်။

PAL သည် နောက်ထပ်လေယာဉ်ခြောက်စင်းကို ဝယ်ယူရန် ရွေးချယ်နေသည်ဟု ကုမ္ပဏီနှစ်ခုက စင်ကာပူလေကြောင်းပြပွဲတွင် ကြေညာခဲ့သည်။ ယခုဝယ်ယူသည့် လေယာဉ်များကို မရပ်မနား ရှည်လျားသည့် ပျံသန်းမှုများအဖြစ် မနီလာမှ အမေရိကန်၊ ကနေဒါနှင့် ဥရောပနိုင်ငံများသို့ ပျံသန်းရာတွင် အသုံးပြုမည်ဟု ဖိလစ်ပိုင်လေကြောင်းလိုင်းဥက္ကဋ္ဌ   ဂျေမီဘောက်တစ္စတာက ပြောသည်။

မရပ်မနားဝေးလံစွာပျံသန်းနိုင်သည့် စွမ်းရည်က ဆုံးဖြတ်ချက်ချရာတွင် အရေးပါသည့် အချက်ဖြစ်ပြီး ဝေးလံသည့် လမ်းကြောင်းများအတွက် မရပ်မနားပျံသန်းသည့် ဝန်ဆောင်မှုကို   ပေးနိုင်တော့မည်ဟု ဘောက်တစ္စတာက ပြောသည်။ လေကြောင်းလိုင်းအနေဖြင့် ဝယ်ယူရာတွင် ဈေးလျှော့ပေးခွင့်ရရှိမည်ဖြစ်သော်လည်း အမှာစာ၏ သတ်မှတ်ဈေးနှုန်းအရ ၁ဒသမ၈၅ဘီလျံတန်ဘိုးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required