စပိန်အမှုထမ်းတစ်ဦးမှာ ၆နှစ်လုံးလုံး အလုပ်မသွားဘဲ လုပ်စာထုတ်ယူနေခဲ့ဟုဆို

စပိန်အမှုထမ်းတစ်ဦးမှာ ၆နှစ်လုံးလုံး အလုပ်မသွားဘဲ လုပ်စာထုတ်ယူနေခဲ့ဟုဆို

ကာဒစ်၊ စပိန်၊ ဖေဖော်ဝါရီ-၁၇ ။            ။ စပိန်က အဆောက်အအုံကြီးကြပ်ရေးမှူး တစ်ယောက်ဟာ ၆နှစ်လုံးလုံးအလုပ်ထဲကို ပေါ်မလာပေမယ့်လည်း  အစိုးရဆီကနေလစာ အမေရိကန်ဒေါ်လာ 42500 ကို တိတ်တိတ် ကြိတ်ပြီး ထုတ်ယူနေခဲ့ပါတယ်။

သူ့ရဲ့ နှစ်ပေါင်း ၂၀ သစ္စာရှိစွာအမှုထမ်းမှုအတွက် ဆုချီးမြင့်မှု မခံခဲ့ရဘူးဆိုရင် သူဟာ လစာငွေတွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားမှာပါပဲ။

ဂျိုအာချင် ဂါစီယာ (69နှစ်)ဟာမကြာသေးခင်က ကာဒစ်ရှိ ရေသန့်စက်ရုံတစ်ခုက ပေးတဲ့ လစာမဖြတ်ခွင့်ရက်ကို ကျော်လွန်အသုံးပြုခဲ့တဲ့အတွက် အစိုးရအာဏာပိုင်တွေက အမြင့်ဆုံးအပြစ်ဒဏ်အဖြစ် ကန်ဒေါ်လာ ၃၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရတယ်လို့ ဘီဘီစီက ဖော်ပြခဲ့ပါတယ်ါ။

မြို့တော်ဝန် ဂျော့ ဘလက်စ်ရဲ့ ပြောကြားချက်အရ ဂါစီယာကို ၂၀၁၀ခုနှစ်က အလုပ်ကြိုးစားခဲ့မှုအတွက် အသိအမှတ်ပြုဆုပေးမယ့် ဆဲဆဲမှာမှ သူ့ရုံးခန်းဟာ လွတ်နေခဲ့တာကို အာဏာပိုင်တွေက သတိထားမိလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
''သူသေသွားခဲ့တာလား ၊ အနားယူသွားခဲ့တာလား၊ သူအဲဒီမှာအလုပ်လုပ်နေတုန်းပဲလားဆိုတာ ကျနော် ဝေခွဲမရဖြစ်နေခဲ့တယ်။ ။ ဒါပေမဲ့ စာရင်းအရတော့ သူဟာ လစာရနေတုန်းပဲဆိုတာကို ပြနေတယ်'' လို့ Blas က စပိန်သတင်းစာ El Mundoကိုပြောခဲ့ပါတယ်။
''ကျနော်က သူ့ကို ဖုန်းခေါ်ပြီး ခင်ဗျား မနေ့က ၊ အရင်တစ်လက၊ အရင့်အရင် တစ်လက ဘာတွေလုပ်နေတုန်းလို့ မေးတော့ သူဘာပြန်ပြောရမှန်းမသိဘူး ဖြစ်နေတယ်''လို့ Blas က ဆိုပါတယ်။

ဂါစီယာရဲ့ သေန့်ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေကတော့ ဂါစီယာကို အကြာကြီးမတွေ့ရတော့လို့ စက်ရုံကို ဒေသအာဏာပိုင်တွေကပဲ ကြီးကြပ်နေတယ်လို့ တွေးနေကြပါတယ်။

ဂါစီယာရဲ့ ရှေ့နေကတော့ ဂါစီယာ အလုပ်ပျက်နေခဲ့တာဟာ လုပ်ငန်းခွင်မှာ ရန်စစော်ကားခံရလို့၊ လုပ်စရာအလုပ်လည်းမရှိလို့ ပျက်ကွက်နေခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

ဂါစီယာနဲ့ နီးစပ်သူတွေက EL Mundo သတင်းစာကို ပြောကြားရမှာတော့ ဂါစီယာဟာ ဒဿနစာတွေ ဖတ်ခြင်းမှာသာ မြုပ်နှံထားပြီး အလုပ်ထုတ်ခံရမှာစိုးလို့ ရန်စခြိမ်းခြောက်ခံရတာကို သတင်းမပို့ခဲ့ဘူးလို့ ဆိုပါတယ်။

ဂါစီယာဟာ ဟိုကဒီက စွပ်စွဲမှုတွေ လူသိရှင်ကြားဖြစ်လာမှ အနားယူလိုက်ပေမယ့်လည်း မသမာမှု မလုပ်ခဲ့ဘူးလို့ ငြင်းဆန်နေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရုံးတော်က အစိုးရဖက်ပဲ ရည်တည်ပြီး ဂါစီယာကို ဂဏန်းငါးလုံးရှိတဲ့ ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ဂါစီယာကတော့ ဒဏ်ကြေးမပေးရဖို့၊ စီရင်ချက်ကို ပြန်လည်သုံးသပ်ဖို့ ဒုတိယမြို့တော်ဝန်ထံ အသနားခဲ့ထားတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required