တောင်ဒဂုံတွင် အုပ်စုဖွဲ့ကလဲ့စားချေသည်ဆိုသည်မှာ ကောလဟာလသာဖြစ်

တောင်ဒဂုံတွင် အုပ်စုဖွဲ့ကလဲ့စားချေသည်ဆိုသည်မှာ ကောလဟာလသာဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။      ။တောင်ဒဂုံမြို့နယ်အတွင်း အုပ်စုဖွဲ့ကလဲ့စားချေခိုက်ရန်ဖြစ်ပွားနေကြသည်ဟုဆိုသည်မှာ ကောလဟာလသာ ဖြစ်ပြီး ပြည်သူများအနေဖြင့် ကောလဟာလများသာဖြစ်သည်ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ဋ္ဌေးက မဇ္ဈိမသို့အတည်ပြုပြောကြားသည်။

ဖေဖော်ဝါရီလ ၁၃ရက်နေ့၊ တောင်ဒဂုံမြို့နယ် ၂၀ရပ်ကွက်တွင် လူသတ်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ယင်းလူသတ်မှုနှင့် ပက်သက်ကာ အုပ်စုဖွဲ့ကလဲစားချေမှုများဖြစ်ပေါ်နေသည်ဟု ယနေ့နံနက်မှ စတင်ကာလူမှုကွန်ယက်တွင် ကောလဟာလ သတင်းဖြန့်ဝေမှုများရှိနေသည်။

ယင်းသတင်းနှင့် ပက်သက်ပြီးလည်း ကြည့်ရှုသူနှင့် ပြန်လည် မျှဝေသူမှာ ထောင်ကဏန်းနီးပါးအထိရှိနေသည်။

ဦးသောင်းတင်ဋ္ဌေးက "အဲဒီအမှုနဲ့ပက်သက်ပြီး ရဲတပ်ဖွဲ့ကသူလုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးနေတယ်။ ကျွန်တော်တို့လည်းကြား တယ်။ ကောလဟာလတွေပါ။" ဟုဆိုသည်။

"သေဆုံးခဲ့သူ နှစ်ဦးကိုသတ်ဖြတ်ခဲ့ခြင်းကြောင့် လက်စားချေ တိုက်ပွဲဝင် နေတဲ့ တောင်ဒဂုံကမျိုးချစ်တို့ရဲ့ လက်တွေ့စစ်ပွဲဆော်ကုန်ပြီ" ဆိုသည့် စာသာနှင့် ယခင်ဖြစ်ပေါ်ခဲ့ဖူးသည့် ပဋိပက္ခအတွင်းမှ ဓါတ်ပုံကို အသုံးပြုကာ လူမှုကွန်ယက်တွင် ကောလဟာလကို ဖြန့်ဝေနေသည်။

အဆိုပါကောလဟာလနှင့် ပက်သက်ပြီးတောင်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ မေးမြန်းရာတွင် လည်း " မြို့နယ်အတွင်းမည်သည် ခိုက်ရန်ဖြစ်ပွားမှုမှမရှိကြောင်း" မြို့နယ်အုပ်ချုပ်ရေးမှူး လက်ကိုင်ဖုန်းကို ကိုင်ဆောင်သူ အမျိုးသားက ဖေဖော်ဝါရီ ၁၇ရက်တွင် မဇ္ဈိမသို့ဖြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly