စစ်ကိုင်းတိုင်းလွှတ်တော် ရေးရာကော်မတီ သုံးရပ်အား အတည်ပြု

စစ်ကိုင်းတိုင်းလွှတ်တော် ရေးရာကော်မတီ သုံးရပ်အား အတည်ပြု
(ဓာတ်ပုံ -  မန်ဇာမြေမွန်)

မုံရွာ၊ ဖေဖော်ဝါရီ ၁၆။          ။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယသက်တမ်းတွင် တာဝန်ထမ်းဆောင်ရန်အတွက် ရေးရာကော်မတီ သုံးရပ်အား ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် အတည်ပြုခဲ့သည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်ဆိုင်ရာ စီစစ်ရေးကော်မတီ တို့ကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး၊ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၉ ဦးပါရှိမည်ဖြစ်သည်။

ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌအဖြစ် မြင်းမူမြို့နယ် မဲဆန္ဒနယ်(၂)မှ ဒေါ်နီလာလွင် နှင့် အတွင်းရေးမှူးအဖြစ် မြောင်မြို့နယ် မဲဆန္ဒနယ်(၁)မှ ဒေါ်အေးမြတ်မွန် တို့ ဖြစ်ကြသည်။

တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် တမူးမြို့နယ် မဲဆန္ဒနယ် (၂)မှ ဦးထန်ခိုဟောက် နှင့် အတွင်းရေးမှူးအဖြစ် ဟုမ္မလင်းမြို့နယ် မဲဆန္ဒနယ်(၁)မှ ဦးကျော်ဌေးလွင် တို့ဖြစ်ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ပင်လည်ဘူးမြို့နယ် မဲဆန္ဒနယ်(၁)မှ ဦးသန်းလှိုင် နှင့် အတွင်းရေးမှူးအဖြစ် ဝက်လက်မြို့နယ် မဲဆန္ဒနယ် (၂)မှ ဦးစိုးဝင်းထွန်းတို့ဖြစ်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၅ ရက်တွင် ခန့်အပ်ခဲ့ပြီး တတိယနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၆ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly