နမ့်ဆန်မြို့ရှိ မီးဘေးသင့် ပြည်သူများကို လှူဒါန်းရန် ဦးအောင်လွင် ဦးဆောင်ပြီး နမ့်ဆန်သို့ ထွက်ခွာ

နမ့်ဆန်မြို့ရှိ မီးဘေးသင့် ပြည်သူများကို လှူဒါန်းရန် ဦးအောင်လွင် ဦးဆောင်ပြီး နမ့်ဆန်သို့ ထွက်ခွာ
ဓာတ်ပုံ - U Aye Kyu Lay ဖေ့ဘုတ်

ရုပ်ရှင် သဘင် ဂီတစာနာထောက်ထား အနုပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာ.ယ.ကကြီး ဦးအောင်လွင် ဦးဆောင်ပြီး နမ့်ဆန်မြို့ရှိ မီးဘေးသင့် ပြည်သူများကို သွားရောက် လှူဒါန်းရန် ဖေဖော်ဝါရီ ၁၆ရက်တွင် နမ့်ဆန်မြို့သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ဦးအောင်လွင် ဦးဆောင်ပြီး ဦးအောင်ခိုင် ၊ ဒေါ်တူး၊ ဒေါ်ဝါဝါအောင်၊ ကိုမျိုးဝင်းတို့လည်း လိုက်ပါသွားသည်။

နမ့်ဆန်မြို့ရှိ မီးဘေးသင့် ပြည်သူများအတွက် သိန်းတစ်ရာ့ငါးဆယ် နှင့် စစ်ဘေးရှောင်ပြည် သူများအတွက် သိန်းတရာ့ငါးဆယ် လှူဒါန်းမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly