ကျောက်စိမ်းတင်ပို့မှုမှ ကိုးလအတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဝင်ငွေရ

ကျောက်စိမ်းတင်ပို့မှုမှ ကိုးလအတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဝင်ငွေရ
(ဓာတ်ပုံ - အီးပီအေ)

မြန်မာနိုင်ငံ၏ ကျောက်စိမ်းတင်ပို့မှုမှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပထမဆယ်လ ဧပြီမှ ဒီဇင်ဘာအတွင်း ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်း ၅၆၇ သန်းကျော်ရရှိခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်များက ပြောသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ယင်းကာလအတွင်း စုစုပေါင်းကျော်စိမ်းကုန်သွယ်ရေး၏ နယ်စပ်ကုန်သွယ်မှု ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၀၅ သန်းရှိပြီး ပုံမှန်ကုန်သွယ်ရောင်းဝယ်မှုမှ ကျောက်စိမ်းကုန်သွယ်မှုဝင်ငွေ ရရှိမှုသည် အမေရိကန်ဒေါ်လာ ၂၆၂ သန်းရှိခဲ့သည်။

အလားတူကာအတွင်း ကျောက်စိမ်းတင်ပို့မှုက အများစုအပါအဝင် တွင်းထွက်သတ္ထုတင်ပို့မှုမှ ရရှိသည့် ကုန်သွယ်ဝင်ငွေ ပမာဏသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၉၅ သန်းရရှိခဲ့သည်။

လက်ရှိ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် တွင်းထွက်သတ္ထုကုန်သွယ်မှုမှ ရရှိဝင်ငွေသည် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရရှိလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

တရားဝင်စာရင်းများအရ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက ရင်းနှီးမြုပ်နှံများအတွက် တံခါးဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ဒီဇင်ဘာအထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စုစုပေါင်း၏ ၄ ဒသမ ၈၅ ရာခိုင်နှုန်းသည် သတ္ထုတွင်းကဏ္ဍဖြစ်ပြီး စီမံကိန်းပေါင်း ၇၀ ဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၂ ဒသမ ၈၇ ဘီလီယံရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required