ထိုင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများက မြန်မာသို့ စားသောက်ကုန်တင်ပို့မှု ပစ်မှတ်ထားလာနိုင်

ထိုင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများက မြန်မာသို့ စားသောက်ကုန်တင်ပို့မှု ပစ်မှတ်ထားလာနိုင်
(ဓာတ်ပုံ - မဇ္ဈိမ)

ထိုင်းနိုင်ငံက စက်မှုဝန်ကြီးဌာန အမျိုးသားစားသောက်ကုန်လုပ်ငန်းအဖွဲ့သည် ထိုင်းနိုင်ငံမှ စားသောက်ကုန်များ ပြည်ပတင်ပို့မှု တိုးတက်လာရေးအတွက် မြန်မာနိုင်ငံဈေးကွက်သို့ စားသောက်ကုန်များ ပိုမိုတင်ပို့ရန် ပစ်မှတ်ထားသင့်ကြောင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများကို တိုက်တွန်းထားသည်။

ပြီးခဲ့သည့်နှစ်က မြန်မာသို့ ထိုင်းနိုင်ငံ၏ စားသောက်ကုန်တင်ပို့မှုသည် ၂၄ ရာခိုင်နှုန်းတက်လာခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်သည်။ ဂျပန်၊ အမေရိကန်နှင့် တရုတ်တို့ပြီးလျှင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံအတွက် ကမ္ဘာ့စတုတ္ထအကြီးဆုံး စားသောက်ကုန်တင်ပို့ရသည့် ဈေးကွက်လည်းဖြစ်နေသည်။

ယခုနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးက ၈ ရာခိုင်နှုန်းတက်လာလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ပြီးခဲ့သည့်လအတွင်းက ကျင်းပခဲ့သော မြန်မာ့အပြည်ပြည်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများပြပွဲတွင်လည်း ထိုင်းအမျိုးသားစားသောက်ကုန်လုပ်ငန်းအဖွဲ့က လာရောက်ပြသခဲ့သည်။

မြန်မာပြည်သူများသည် ထိုင်းအစားအစာများကို လက်ခံကြောင်း ယင်းအဖွဲ့က တိုင်းတာဆန်းစစ်ထားပြီးလည်းဖြစ်သည်။

ခေါက်ဆွဲအခြေခံ စားသောက်ကုန်များကို မြန်မာပြည်သူများ ခံတွင်းတွေ့ကြကြောင်း၊ ပြုတ်စားသည့် အစားအစာများထက် ကြော်လှော်ချက်စားရခြင်းကို ပိုကြိုက်ကြကြောင်း၊ အစားအစာများတွင် အုန်းနို့ထည့်ချက်ခြင်းကိုမူ မကြိုက်ကြကြောင်း မြန်မာ့ခံတွင်း အကြိုက်နှင့် ပတ်သက်ပြီးလည်း ယင်းလုပ်ငန်းအဖွဲ့က သုတေသနပြုထားခဲ့ခြင်းဖြစ်သည်။

 ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံ၏ စားသောက်ကုန်တင်ပို့မှု၏ ၄ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံဖြစ်ပြီး တန်ဖိုးအားဖြင့်ဘတ် ၉၀၀ ဘီလီယံ ရှိခဲ့သည်။

ဂျပန်က ၁၃ ရာခိုင်နှုန်း၊ အမေရိကန်က ၁၁ ရာခိုင်နှုန်းနှင့် တရုတ်က ၉ ရာခိုင်းနှုန်း အသီးသီးဖြင့် ထိုင်းနိုင်ငံက စားသောက်ကုန်များ တင်ပို့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required