ကျောက္ကာမီးဘေးတွင် အမျိုးသမီး နဲ့ ၁၈ နှစ်အောက်ကလေး စုစုပေါင်း ၁၀၀၀ကျော် မီးဘေးသင့်

ကျောက္ကာမီးဘေးတွင် အမျိုးသမီး နဲ့ ၁၈ နှစ်အောက်ကလေး စုစုပေါင်း ၁၀၀၀ကျော် မီးဘေးသင့်
ဖေဖော်ဝါရီ ၁၃ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည့် ကျောက္ကာရွာ။ (ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ။ ။ တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျောက္ကာကျေးရွာတွင် ဖေဖော်ဝါရီ ၁၃ရက်က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၃၀၀ခန့် မီးလောင်ပျက်စီးကာ ဆုံးရှုံးခဲ့ပြီး အမျိုးသမီး ၅၄၅ဦး၊ ၁၈ နှစ်အောက် ကလေးငယ် ၅၀၄ဦး အပါအဝင် စုစုပေါင်း လူဦးရေ ၁၅၆၄ဦး မီးဘေးသင့်ခဲ့ရသည်ဟု ပျက်စီးဆုံးရှုံးမှု စာရင်းဇယားများအရ သိရသည်။

ကျောက္ကာရွာရှိ အိမ်ခြေ ၇၀၀၊ အိမ်ထောင်စု ၇၉၈စုတွင် နေအိမ် ၂၉၇လုံး လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး  အိမ်ထောင်စု ၄၁၅စု မီးဘေးသင့်ခဲ့ရသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၃၄လုံး လုံးဝပျက်စီးပြီး ၆၀,၄၅၂,၅၀၀ကျပ် ဆုံးရှုံးခဲ့သည်။ ယင်းအပြင် အထကခွဲကျောင်း နှင့် အမကခွဲကျောင်းတို့လည်း အဆောက်အဦးအချို့ ပျက်စီးခဲ့ပြီး တန်ဖိုးအားဖြင့် ၁၁၄,၆၅၀,၀၀၀ကျပ်ဖိုး ဆုံးရှုံးခဲ့သည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ုစုပေါင်းမှာ ငွေကျပ် သိန်း ၁၇၅၀ကျော် (၁၇၅,၁၁၂,၅၀၀) ဆုံးရှုံးခဲ့သည်။ 

ကျောက္ကာကျေးရွာမီးလောင်ကျွမ်းမှုမှာ ဖေဖော်ဝါရီ ၁၃ရက် နံနက် ၉နာရီက စတင်ခဲ့ပြီး မွန်းလွဲ ၂နာရီကျော်မှ မီးငြိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required