ကရင်ပြည်နယ်တွင် အိမ်ကွင်းလုပ်ရန်အတွက် အစိုးရအကူအညီလိုအပ်ဟု ဦးလှဋ္ဌေးဆို

ကရင်ပြည်နယ်တွင် အိမ်ကွင်းလုပ်ရန်အတွက် အစိုးရအကူအညီလိုအပ်ဟု ဦးလှဋ္ဌေးဆို
နဝဒေးလေ့ကျင့်ရေးကွင်းတွင်လေ့ကျင့်နေသော ဇွဲကပင်အသင်းသားများ။ (ဓာတ်ပုံ - ဇွဲကပင်ယူနိုက်တက်)

ဖေေဖော်ဝါရီ ၁၄၊ ရန်ကုန်။          ။ ကရင်ပြည်နယ်ကိုယ်စားပြု ဇွဲကပင်ယူနိုက်တက်အသင်းအနေဖြင့် ကရင်ပြည်နယ်တွင် အိမ်ကွင်းတည်ဆောက်ရန် အစိုးရအကူအညီလိုအပ်သည်ဟု အသင်းပိုင်ရှင် ဦးလှဋ္ဌေးကပြောသည်။

ဇွဲကပင်အသင်းမှာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အိမ်ကွင်းတည်ဆောက်ရန်ရည်ရွယ်ထားပြီး အကြောင်း အမျိုးမျိုးကြောင့်ကြန့်ကြာနေကာ လာမည့်နှစ်ဘောလုံးရာသီတွင်   ပြန်လည်စတင်ရန် စီစဉ်ထားသည်။   “အိမ်ကွင်းဆောက်ဖို့က လောလောဆယ်လျာထားပြီးသားရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ချည်းပဲအဆင်မပြေနိုင်ဘူး။ ပြည်နယ်အစိုးရကလည်း ကူညီဖို့လိုမယ်။ နောက်တက်လာမယ့် အစိုးရက အားကစားကိုဘယ်လောက်အထိအားပေးမလဲဆိုတာစောင့်ကြည့်ရမှာပါ။”ဟု ဦးလှဋ္ဌေးကပြောသည်။

ဇွဲကပင်အသင်းကို ၂၀၁၀ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး လေ့ကျင့်ရေးကွင်းအဖြစ် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ နဝဒေးကွင်းကို အသုံးပြုနေသည်။ ဇွဲကပင်အသင်းကို ကရင်ပြည်နယ်အတွင်း အခြေမစိုက်နိုင်သေးသော်လည်း ၂၀၁၆ခုနှစ်အတွင်း ဇွဲကပင်ဘောလုံးအကယ်ဒမီကို ဘားအံမြို့တွင်ဖွင့်လှစ်ရန်စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required