အမျိုးသမီးအသင်းနည်းပြသစ် ရော်ဂျာ မြန်မာနိုင်ငံသို့ရောက်ရှိ

အမျိုးသမီးအသင်းနည်းပြသစ် ရော်ဂျာ မြန်မာနိုင်ငံသို့ရောက်ရှိ
မြန်မာအမျိုးသမီးအသင်းနည်းပြသစ်ဖြစ်လာမည့် နယ်သာလန်နည်းပြ ရော်ဂျာ။

ဖေဖော်ဝါရီ ၁၄၊ ရန်ကုန်။           ။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနည်းပြသစ် နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာသည် ဖေဖေါ်ဝါရီ ၁၄၊ နံနက်ပိုင်းက  မြန်မာနိုင်ငံသို့ရောက်ရှိ လာခဲ့သည်။

ရော်ဂျာနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ရက်ပိုင်းအတွင်းဆွေးနွေးမှုပြုလုပ်ကာ စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။ “ရော်ဂျာက မြန်မာနိုင်ငံရောက်နေပါပြီ။ သူနဲ့ အသေးစိတ်ဆွေးနွေးမှုလုပ်ပြီး တရားဝင် စာချုပ်မှာပါ။  အသင်းကို ဘယ်တော့စကိုင်မလဲဆိုတာကတော့ သူပဲဆုံးဖြတ်ပါလိမ့်မယ်။ လိုအပ်တဲ့အရာတွေကိုတော့ အဖွဲ့ချုပ်က ဖြည့်ဆည်းပေးမှာပါ။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းကပြောသည်။

ရော်ဂျာမှာ နယ်သာလန်အမျိုးသမီးလက်ရွေးစင်နည်းပြဟောင်းတစ်ဦးဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်၏ အဆက်အသွယ်ဖြင့် မြန်မာအမျိုးသမီးအသင်းကို ကိုင်တွယ်ရန်သဘောတူခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှာ ၂၀၁၆ခုနှစ်အတွင်း ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်၊ အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲများ ကစားရန်ရှိနေပြီး တရုတ်နိုင်ငံတွင်လည်း ကာလရှည်သွားရောက်နေထိုင်လေ့ကျင့်ရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required