အူဘာမီယန်းကို ပေါင်သန်း ရ၀ ဖြင့် မန်ယူ ခေါ်ယူမည်

အူဘာမီယန်းကို ပေါင်သန်း ရ၀ ဖြင့် မန်ယူ ခေါ်ယူမည်

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၄ ။         ။ မန်ယူအသင်းသည် လာမည့်နွေရာသီတွင် ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်းကို ပေါင် သန်း ၇၀ ဖြင့် ခေါ်ယူရန် နီးစပ်နေပြီဟု ဒေးလီးမေးလ်သတင်းစာက   ဖော်ပြသွားခဲ့သည်။

မန်ယူအသင်း၏ ဒုတိယဥက္ကဋ္ဌ အက်ဝုဒ်ဝက်က လာမည့်ရာသီတွင် ထိပ်တန်းကစားသမားများကို ခေါ်ယူရန် ပေါင် ၁၂၁ ဒသမ ၆ သန်းအသုံးပြုမည်ဟု အသင်းရှယ်ယာရှင်များကို ပြောဆိုထားသည်။

အူဘာမီယန်းသည် ယခုနှစ်ရာသီတွင် ဒေါ့တ်မွန်အသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိပြီး ၂၇ ဂိုးအထိ သွင်းယူထားသည်။ ဒေါ့တ်မွန်တွင် ခြေစွမ်းပြနိုင်မှုကြောင့် ၂၀၁၅ ခုနှစ်အတွက် အာဖရိကအကောင်းဆုံး ကစားသမားဆုကို ရရှိထားသူလည်း ဖြစ်သည်။

မန်ယူအသင်းသည် အူဘာမီယန်းအပြင် ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီး၊ ရီးယဲလ်တောင်ပံကစားသမား ဂါရတ်ဘေးနှင့် ဘာစီလိုနာမှ နေမာတို့ကိုလည်း ခေါ်ယူလိုလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly