ထိုင်ဝမ်ငလျင် ကယ်ဆယ်ရှာဖွေရေး အဆုံးသတ်၊ သေဆုံးသူ ၁၁၆ ဦးရှိ

ထိုင်ဝမ်ငလျင် ကယ်ဆယ်ရှာဖွေရေး အဆုံးသတ်၊ သေဆုံးသူ ၁၁၆ ဦးရှိ

တိုင်ပေ၊ ဖေဖော်ဝါရီ ၁၄ ။            ။ ထိုင်ဝမ်တောင်ပိုင်းတွင် ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းငလျင်တွင် သေဆုံးသူဦးရေသည် ၁၁၆ ဦးအထိရှိခဲ့ပြီး ပြိုကျအဆောက်အအုံတွင် ဆောင်ရွက်နေသည့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများကိုလည်း အဆုံးသတ်လိုက်ပြီဖြစ်သည်။

တိုင်နန်းမြို့အတွင်း ၁၇ ထပ်အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူအများအပြားရှိပြီး အပျက်အစီးများအောက် လူတစ်ဦးပျောက်ဆုံးနေသည့် သတင်းမှာလည်း ကျိန်းသေခြင်းမရှိသဖြင့် ရှာဖွေမှုများကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း မြို့တော်ဝန် ဝီလီယမ်လိုင်းက ပြောသည်။

ယင်းအဆောက်အအုံအပြင် လူပေါင်း ၁ ဒသမ ၉ သန်းနေထိုင်ရာ ယင်းမြို့တွင်းရှိ အခြားသောအဆောက်အအုံများလည်း ပြိုကျမှုဖြစ်ခဲ့သည်။

အဆိုပါ ၁၇ ထပ်အဆောက်အအုံပြိုကျမှုနှင့် ပတ်သက်ပြီး တည်ဆောက်ရေးတွင် ပါဝင်သည့် လက်ရှိပိတ်သိမ်းသွားပြီဖြစ်သော ကုမ္ပဏီမှ အမှုဆောင်ဖြစ်သူများအားလည်း ဖမ်းဆီးထားသည်။ အဆောက်အအုံတည်ဆောက်ရေးတွင် အလွဲသုံးစားမှုများ ကျုးလွန်ဖွယ်ရှိ၍ ယခုကဲ့သို့ ပြိုကျကာ လူသေဆုံးမှုများဖြစ်ရခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်း ၁၇ ထပ်အဆောက်အအုံမှာ တည်ဆောက်ထားသည်က သက်တမ်း ၂၃ နှစ်သာရှိသေးပြီး ပြိုကျချိန်တွင် ကွန်ကရစ်ကြမ်းခင်းများအတွင် သံဘူးခွံလွတ်များ ထည့်သွင်းမြုပ်နှံထားသည်ကို ပြိုကျအပိုင်းအစများတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required