အိန်ဂျာလာမာကယ်နှင့် ဒုက္ခသည် အကြပ်အတည်းကြောင်း ဆွေးနွေးခဲ့တဲ့ မင်းသားကြီး ဂျော့ကလိုနေး

အိန်ဂျာလာမာကယ်နှင့် ဒုက္ခသည် အကြပ်အတည်းကြောင်း ဆွေးနွေးခဲ့တဲ့ မင်းသားကြီး ဂျော့ကလိုနေး

နယူးယော့ခ်၊ ဖေဖော်ဝါရီ ၁၃ ။             ။ မင်းသားကြီး ဂျော့ကလိုနေးနှင့် ဇနီးဖြစ်သူ အေမာလ်တို့သည် ဖေဖော်ဝါရီ ၁၂ ရက်က ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့် သီးသန့်တွေ့ဆုံ   ဆွေးနွေးခဲ့ပြီး ရွှေ့ပြောင်းလုပ်သားများ အကြပ်အတည်း ကာလအတွင်း မာကယ်လ်၏ ဦးဆောင်မှုကို ချီးကျူးခဲ့သည်။

ကလိုနေးက မာကယ်လ်၏ ဒုက္ခသည် အကြပ်အတည်းပေါ် ကိုင်တွယ်ဖြေရှင်းမှုနှင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ပြောင်းရွှေ့လုပ်သားများကို လက်ခံထားမှု လုပ်ဆောင်ချက်များကို လုံးဝ သဘောတူကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

မာကယ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပအတွင်းသို့ ဝင်ရောက်လာသော ဒုက္ခသည်များကို  တုန့်ပြန်ဖြေရှင်းရာတွင် ဦးဆောင်ခဲ့ကြောင်းနှင့် ဂျာမနီအစိုးရသည် ပြီးခဲသည့်နှစ်က ဆီးရီးယားလူမျိုးများ၏ နိုင်ငံရေး ခိုလှုံခွင့် တောင်ခံထားသည့် လျှောက်လွှာ တစ်ဝက်ခန့်ကိုလည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

မိနစ်လေးဆယ်ကြာ တွေဆုံဆွေးနွေးခဲ့ပြီးနောက် ကလိုနေးသည်  ရွှေ့ပြောင်းလုပ်သားများအပေါ် ဦးတည်လုပ်ဆောင်သော အမေရိကန် မူဝါဒကို ဂျာမန် ရုပ်မြင်သံကြားမှတစ်ဆင့် ပြစ်တင်ရှုတ်ချ ခဲ့သည်။

ကလိုနေးသည် ဘာလင်ဒုက္ခသည်စခန်းသို့လည်း သွားရောက်ခဲ့ပြီး ကျွန်တော်တို့ တတ်နိုင်သလောက် အကူညီပေးလိုသည့် အကြောင်းကို ပြောကြားရန်အတွက် နိုင်ငံရေး ခိုလှုံခွင့်   တောင်းခံသူများပါသော အဖွဲ့တစ်ဖွဲ့ကို တွေ့ဆုံရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly