“ Mrs. Cop 2” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်ဟု ကင်ဘမ်း အတည်ပြု ပြောကြား

“ Mrs. Cop 2” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်ဟု ကင်ဘမ်း အတည်ပြု ပြောကြား

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၃။             ။ တောင်ကိုရီးယား မင်းသားချော ကင်ဘမ်းသည် “ Mrs. Cop 2” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ကင်ဘမ်းသည် EL Capital ကုမ္ပဏီ၏ သြဇာကြီးမားပြီး ထက်မြက်သော အမှုဆောင်အရာရှိချုပ် လီရိုဂျွန်အဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

“ကင်ဘမ်းဟာ သူသရုပ်ဆောင်ချင်တဲ့ အခန်းကဏ္ဍကို အလေးထားတယ်။ ဒါကြောင့် သူဟာ လီရိုဂျွန်အဖြစ် သရုပ်ဆောင်တဲ့အခါ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်မှာပါ”ဟု  SBS ရုပ်သံမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“ Mrs . Cop 2” ဇာတ်ကားသည် လွန်ခဲ့သည့် ခြောက်နှစ်က သူမ ကိုင်တွယ်ဖြေရှင်းရာတွင် အောင်မြင်မှု မရရှိခဲ့သည့် ပုံစံတူ လူသတ်မှုကို ရင်ဆိုင်ဖြေရှင်းသည့်  သက်လတ်ပိုင်း အမျိုသမီး ရဲအရာရှိတစ်ဦးအကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်လမ်းဖြစ်သည်။” Mrs. Cop 2” ဇာတ်ကားကို  “ I Have a Lover” ဒရမ်မာ ဇာတ်ကားအပြီး မတ် ၅ ရက်တွင် ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required