ဗယ်လင်တိုင်းနေ့ မလုပ်ကြရန် ပါကစ္စတန်သမ္မတ တိုက်တွန်းထား

ဗယ်လင်တိုင်းနေ့ မလုပ်ကြရန် ပါကစ္စတန်သမ္မတ တိုက်တွန်းထား

အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီ ၁၃ ။           ။ နိုင်ငံအတွင်း ဗယ်လင်တိုင်းနေ့ ပွဲလမ်းများ မလုပ်ကြရန် ပါကစ္စတန်သမ္မတ မန်နွန်းဟူစိန်က တိုက်တွန်းပြီး တာဝန်ရှိသူများကလည်း တရားမဝင်သည့် ပွဲလမ်းများအဖြစ် အောက်တန်းကျမလျော်ကန်သော အမူအကျင့်ဖြစ်သည်ဟု အပြစ်တင်ရှုတ်ချထားသည်။

အနောက်တိုင်းတွင် ချစ်သူများနေ့အဖြစ် ကျင်းပသည့် ယင်းနေ့ကို မွတ်စလင်အများစုကြီးစိုးရာ နိုင်ငံအတွင်း ကျင်းပရန် အကြောင်းမရှိကြောင်း ဖေဖော်ဝါရီ ၁၂ ရက်က ကျောင်းသားများအား စကားပြောဆိုရာတွင် သမ္မတ ဟူစိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဗယ်လင်တိုင်းနေ့က ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ မဆိုင်ဘူး။ ရှောင်ရှားသင့်တယ်။"ဟု လွတ်လပ်ရေးသူရဲကောင်းများကို ဂုဏ်ပြုသည့် ပွဲအတွင်း ကျောင်းသားများအား ၎င်းက ပြောခဲ့သည်။

လူငယ်များအနေဖြင့် စာသင်ခန်းသင်ခန်းစာများပေါ်တွင်သာ အာရုံစိုက်ထားသင့်ကြောင်းလည်း ဟူစိန်က တိုက်တွန်းထားသည်။

ပတ်ရှ်ဝါတွင် ဗယ်လင်တိုင်းနေ့ ပွဲတော်အခမ်းအနားကျင်းပခြင်းကို တားမြစ်ရန် စည်းကမ်းကြပ်မတ်မှုများကိုလည်း ခရိုင်အုပ်ချုပ်ရေးပိုင်းက ပြဌာန်းလိုက်ပြီးဖြစ်သည်။

"အပိုဆာဒါးလည်းဖြစ်၊ အရိုင်းတစ်နေ့လိုလည်းဖြစ်နေတဲ့ ဒီနေ့ကို ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ လူအဖွဲ့အစည်းမှာ နေရာ မပေးစရာမရှိပါ။ လူငယ်တွေကြား ယုတ်ရင်းတဲ့ မလျော်မကန်အပြုအမူများပဲ ပေါ်ပေါက်လာနိုင်တာဖြစ်လို့ပါပဲ။"ဟု ခရိုင်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required