လူ သန်းလေးထောင်ကျော် ရေချိုရှားပါးမှုဒဏ်ကို ခံစားနေရ

လူ သန်းလေးထောင်ကျော် ရေချိုရှားပါးမှုဒဏ်ကို ခံစားနေရ

အမ်စတာဒမ်၊ ဖေဖော်ဝါရီ ၁၃ ။         ။ ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်မှာ ရေချိုရှားပါးမှုဒဏ်ကို ခံစားနေရရာ ယခင်ကယူဆထားသည်ထက် အဆများစွာ အန္တရာယ်ကြီးသည့် အခြေအနေ တစ်ခုဖြစ်နေသည်ဟု လေ့လာမှုအသစ်တစ်ခုက ပြောသည်။

ကမ္ဘတစ်ဝန်း လူသန်းပေါင်းလေးထောင်ကျော်မှာ တစ်နှစ်လျင် အနည်းဆုံးတစ်လခန့် ဆိုးဆိုးဝါးဝါးရေချိုရှားပါးမှုနှင့် ကြုံတွေ့နေရသည်ဟု နယ်သာလန်နိုင်ငံ တွင်တေးတက္ကသိုလ်မှ သိပ္ပံပညာရှင်နှစ်ဦးပါ အဖွဲ့တစ်ခုက သတိပေးထားသည်။ ယင်းအကြောင်းအား ဖေဖော်ဝါရီ ၁၂က Science Advances ဂျာနယ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထို့အပြင် အဆိုပါလူဦးရေ၏ ထက်ဝက်မှာ အိန္ဒိယနှင့် တရုတ်တွင် နေထိုင်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

ရေသုံးစွဲမှုမှာ တစ်နှစ်ပတ်လုံး မြေပေါ်တွင် မိုးရွာဆီးနှင်းကျမှုမှ ရရှိသော ရေပမာဏ၏ နှစ်ဆကို သုံးစွဲသော ဒေသများတွင် လူ သန်း ၅၀၀ခန့်နေသည်ဟု လေ့လာမှုကဆိုသည်။ ထို့ကြောင့် သဘာဝမြေအောက်ရေပမာဏမှာ လျော့ပါးလာသည်။ ကမ္ဘာ့လူဦးရေမြင့်မားလာမှု၊ရေသုံးစွဲမှုများလာမှု အထူးသဖြင့် အသားစားရာမှ အလွန်အကျွံရေသုံးစွဲမှုတို့ ထပ်ကာထပ်ကာ   မြင့်မားလာစဉ် ရေပြသနာများမှာ ပိုမိုဆိုးဝါးလာသည် သုတေသီတို့က နောက်ထပ်သတိပေးထားသည်။

ရေလျှော့ချိုးခြင်းက ကမ္ဘာလုံးဆိုင်ရာပြသနာ၏ အဖြေမဟုတ်ဘဲ အိမ်တွင် လူတစ်ယောက်ရေသုံးစွဲမှု၏ လေးရာခိုင်နှုန်းသာ ၂၅ရာခိုင်နှုန်းမှာ အသားစားသုံးမှုကြောင့်ဖြစ်သည်ဟု သုတေသန စာတမ်းရေးသူ တစ်ဦးဖြစ်သူ ပါမောက္ခ အာဂျန်ဟိုအက်ခ်စတာက ပြောသည်။ အမဲသားတစ်ကီလိုဂရမ်ရရှိရန် ရေလီတာ၁၅,၀၀၀ကုန်ပြီး ယင်းရေပမာဏ အားလုံးနီးပါးမှာ နွားအစာကျွေးသည့် သီးနှံများဆီသို့ ရေသွယ်ရာတွင် သုံးရသည်ဟု ၎င်းကရှင်းပြသည်။

ပါကစ္စတန်၊ အီရန်၊ မက္ကဆီကိုနှင့်ဆော်ဒီအာရေဘီးယားအပါအဝင် နိုင်ငံအများအပြားမှာ သဘာဝမြေအောက်ရေ ထပ်ကာထပ်ကာလျော့ပါးလာမှုကြောင့် အကန့်အသတ်တစ်ခုဖြင့် ရှင်သန်နေရသလိုဖြစ်နေသည်ဟု ဟိုအက်ခ်စတာက ဆိုသည်။ လာမည့်နှစ်အနည်းငယ်အတွင်း ရေပြတ်လပ်သွားနိုင်ဖြင့် ယီမင်နိုင်ငံ၏ အခြေအနေမှာ အလွန့်အလွန်ဆိုးဝါးနေသည်ဟု သုတေသနက နောက်ထပ်ဖော်ထုတ်လိုက်သည်။

မြစ်ချိုင့်ဝှမ်းများအတွင်း ရေရောက်ရှိမှုကို ကန့်သတ်ခြင်း၊ ရေကိုထိရောက်စွာသုံးစွဲမှုမြင့်တင်ခြင်းနှင့် အကန့်အသတ်ဖြင့်ရှိသော ရေချိုအရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာမျှဝေခြင်းတို့က ရေရှားပါးမှုကို လျှော့ချရေးအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သုတေသီတို့က အကြံပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required