မော်ရင်ဟိုနှင့် မန်ယူဆွေးနွေးခဲ့မည်ဆိုလျှင် မိမိအနေဖြင့်စိတ်ပျက်မိမည်ဟု ဗန်ဟားလ်ဆို

မော်ရင်ဟိုနှင့် မန်ယူဆွေးနွေးခဲ့မည်ဆိုလျှင် မိမိအနေဖြင့်စိတ်ပျက်မိမည်ဟု ဗန်ဟားလ်ဆို

ဖေဖော်ဝါရီ ၁၃၊ မန်ချက်စတာ ။         ။ အကယ်၍မန်ယူအသင်းသည် မော်ရင်ဟိုနှင့်ဆွေးနွေးခဲ့သည်ဆိုပါက မိမိအနေဖြင့်စိတ်ပျက်မိမည်ဖြစ်သည်ဟု ဗန်ဟားလ်က ပြောဆိုလိုက် သည်။

ပြီးခဲ့သည့်တစ်ပတ်တွင် မော်ရင်ဟို၏ကိုယ်စားလှယ်များနှင့်ဆွေးနွေးခဲ့သည်ဟု သတင်းများကကျယ်ပြန့်စွာဖော်ပြနေခြင်းကို မန်ယူအသင်းက တစ်စုံတရာမှတ်ချက်ပေးဖြေရှင်းခဲ့ခြင်းမရှိပေ။

ဆွေးနွေးမှုအမှန်တကယ်ရှိခဲ့လျှင် ၎င်း၏ထင်မြင်ချက်နှင့်ပတ်သက်ပြီး ဗန်ဟားလ်က "ဘောလုံးမှာ အဲဒီလိုမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စရှိခဲ့တယ်လို့တော့ ကျွန်တော်မထင်ပါဘူး"ဟု ပြောသည်။

၎င်းနှင့် အမှုဆောင်ချုပ်ဝုဒ်ဝက်ဒ်၊ ပိုင်ရှင် ဂလေဇာမိသားစုနှင့် အဆက်အဆံရှိသောကြောင့် ယင်းကိစ္စအမှန်တကယ်ရှိခဲ့လျှင် ပြောကြလိမ့်မည်ဟုလည်း ဗန်ဟားလ်က ဆိုသည်။

မန်ယူအသင်းမှာ ယခုနှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ရုန်းကန်နေရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly