MICT Park တွင် Drone Event ပြုလုပ်

MICT Park တွင် Drone Event ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ။ ။ ရန်ကုန်မြို့ MICT Park တွင် ဖေဖော်ဝါရီ ၁၃ရက်၌ Drone Event ကျင်းပမည်ဖြစ်ပြီး ၎င်းပွဲတွင် Drone နည်းပညာများနှင့် Drone နှင့် တွဲဖက် အသုံးပြုသည့် အပလီကေး ရှင်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် သုံးနိုင် သောDrone များ၊ အရေးပေါ်/ကယ်ဆယ်ရေး ကိစ္စများအတွက် အသုံးပြုသော Drone နည်းပညာ၊ DIY Drone စသည့် Drone အမျိုးအစားများအကြောင်း ရှင်းလင်း ပြောကြားခြင်းနှင့် လက်တွေ့ပျံသန်းပြသခြင်းတို့ကို ပြုလုပ်သွားမည်ဟု သိရသည်။

"ဒီနေ့ပွဲမှာတော့ Drone Application အကြောင်း အဓိကပြောဖြစ်ပါမယ်။ နောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းသုံး Drone အကြောင်းတွေ ပြောဖြစ်မယ်ပေါ့။ စိုက်ပျိုးရေးလုပ်ငန်းသုံး Drone ဆိုတာ ဥပမာပြရရင် ပိုးသတ်ဆေးဖြန်းတဲ့ Droneတွေ မျိုးစေ့ကြဲတဲ့ Droneတွေ သီးနှံနဲ့ မြေသြဇာလိုအပ်မှုအခြေအနေတွေကို မှတ်တမ်းတင်နိုင်တဲ့Drone တွေ စတာတွေပေါ့။ နေပြည်တော် ရေဆင်းတက္ကသိုလ်မှာ လုပ်တဲ့ Drone application အကြောင်းတွေနဲ့ video တွေ ပြဖြစ်မယ်ပေါ့။ ပစ္စည်းကတော့ အချိန်မရတော့လို့ မယူလာဖြစ်တော့ဘူး " ဟု Myanmar Future Science မှ CEO ကိုကြည်သာမှ မဇ္ဈိမကို ပြောသည်။

အဆိုပါ Drone Event တွင် မြန်မာနိုင်ငံ၌ Drone နှင့်ပတ်သက်၍ လုပ်ဆောင်နေသော Myanmar Future Science နှင့် FOSS အပြင် Ubuntu LoCo Team ပါ ပါဝင်မည်ဖြစ်သည်။

ဦးဆောင်ကျင်းပသူ Ubuntu Myanmar LoCo Team မှ Team Leader ကိုကိုရဲကလည်း "ဒီနေ့ပွဲမှာတော့ Drone နဲ့ပတ်သက်တဲ့အဖွဲ့တွေက Drone အကြောင်းရှင်းပြတာမျိုးရှိမယ်။ လက်တွေ့တွေလည်းပျံပြမယ်။ Ubuntu Myanmar LoCo Team အနေနဲ့လည်း Ub Ubuntu Drone နဲ့ ပတ်သက်တဲ့ Presentation တွေလည်း ပြမယ်။ Ubuntu Droneတွေ အော်ဒါမှာတာ အချိန်မီရောက်မလာသေးတဲ့အတွက် သူနဲ့ ပတ်သက်တဲ့ Video File နဲ့ Presentationတွေ ပဲ ပြမှာ ဖြစ်ပါတယ်။ DYI Drone တွေ ပြဖို့လည်း ရှိပါတယ်။ ဒီလိုပွဲတွေအပြင်ကို Respary တို့ Arduino စတဲ့ပွဲတွေလည်း ဆက်လက်ကျင်းပဖို့ရှိပါတယ်" ဟု မဇ္ဈိမကို ဖြေကြားသည်။

အဆိုပါ Drone Event အား ရန်ကုန်မြို့ MICT Park အတွင်းရှိ Kanaung Hub ၌ ယနေ့ ဖေဖော်ဝါရီ ၁၃ရက် နေ့လယ် ၁ နာရီ မှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags