လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူသန်းပေါင်းများစွာ သေဆုံး

လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူသန်းပေါင်းများစွာ သေဆုံး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၃ ။          ။ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၅ ဒသမ ၅ သန်းကျော်သေဆုံးနေကြောင်း၊ ယင်းနှုန်းထား၏ ထက်ဝက်ကျော်က လျင်မြန်စွာဖွံ့ဖြိုးလျက်ရှိသည့် တရုတ်နှင့် အိန္ဒိယတို့မှဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောသည်။

လေထုညစ်ညမ်းမှုအရေး ထိရောက်သည့် လုပ်ငန်းစဉ်များဖြင့် တုံ့ပြန်ခြင်းမရှိမီ ယင်းသို့ အချိန်မတိုင်မီသေဆုံးမှုများက ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ကြောင်း အမေရိကန်တွင် ကျင်းပသည့် သိပ္ပံညီလာခံ၌ သိပ္ပံပညာရှင်များက ပြောသည်။

“လေထုညစ်ညမ်းမှုက ကမ္ဘာပေါ်မှာ လူသေဆုံးမှုဘေးတွေထဲ အမြင့်ဆုံးအဆင့်လေးအဆင့်မှာ ရှိနေပါတယ်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့် ရောဂါများဖြစ်ပွားစေရပါတယ်။”ဟု ကနေဒါ ရှိ တက္ကသိုလ်တစ်ခုမှ ပါမောက္ခဖြစ်သူ Michael Brauer က ပြောသည်။

သွေတိုးခြင်း၊ အစားသောက်မမှန်ခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်းများကြောင့် သေဆုံးမှုများ ပြီးလျှင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးနှုန်းသည် ကမ္ဘာပေါ်တွင် ဘေးအန္တရာယ်အများဆုံး အဆင့်လေးနေရာတွင် ရှိကြောင်း Global Burden of Disease က သုတေသနပြုထားသည်။

“လေထုညစ်ညမ်းမှုကို လျှော့ချခြင်းက လူထုကျန်းမာရေးမြှင့်တင်ရန် ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။”ဟု Braurer ကပြောခဲ့သည်။

လေထုညစ်ညမ်းမှုများကြောင့် သေဆုံးမှုနှုန်းတွင် တရုတ်နှင့် အိန္ဒိယနိုင်ငံ၏ သေဆုံးမှုက ၅၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၃ ခုနှစ်အတွင်းက တရုတ်နိုင်ငံ၌ လူ ၁ ဒသမ ၆ သန်းသေဆုံးကာ အိန္ဒိယတွင် ၁ ဒသမ ၄ သန်းသေဆုံးရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required