အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး သမ္မတဦးသိန်းစိန် တက်ရောက်မည်မဟုတ်

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး သမ္မတဦးသိန်းစိန် တက်ရောက်မည်မဟုတ်

လာမည့်သီတင်းပတ်အတွင်း ကယ်လီဖိုးနီးယား၌ ကျင်းပရန်ရှိသည့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်မည့်ခရီးစဉ်ကို မြန်မာနိုင်ငံ လက်ရှိသမ္မတဦးသိန်းစိန်က   နောက်ဆုံးရက် နီးလာချိန်တွင် ပယ်ဖျက်လိုက်ကြောင်း သမ္မတရုံးက ဖေဖော်ဝါရီ ၁၁ ရက်နှောင်းပိုင်းက ပြောကြားသော်လည်း ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အကျိုးအကြောင်း ပြောဆိုခြင်းမရှိပေ။

အဆိုပါထိပ်သီးညီလာခံသို့ မြန်မာဖက်မှ တက်ရောက်မည်နှင့် ပတ်သက်ပြီး ယခင်က တရားဝင်ပြောဆိုထားခြင်းမရှိသော်လည်း ယင်းအစည်းအဝေးတွင် သမ္မတဦးသိန်းစိန်အနေဖြင့် အမေရိကန်သမ္မတ အိုဘားမားနှင့် အာဆီယံခေါင်းဆောင်များကြားတွင် ၎င်း၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး အထင်အရှားဖြစ်စေနိုင်မည့် နောက်ဆုံးအခွင့်အရေးတစ်ရပ်ဖြစ်သည်ဟု သုတေသီများက မျှော်လင့်ခဲ့ကြသည်။

"ဒုတိယသမ္မတဦးဉာဏ်ထွန်းက သမ္မတကြီးကိုယ်စား အမေရိကန်သို့ အစည်းအဝေးသွားတက်မှာဖြစ်ပါတယ်။"ဟု သမ္မတရုံးက ကြေညာသည်။

"သမ္မတကြီးဦးသိန်းစိန်မှာ အခြားကိစ္စရပ်တွေရှိနေတာကြောင့် အမေရိကန်သို့ သွားရောက်နိုင်မှာမဟုတ်ပါ။ ကျွန်တော်တို့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။"ဟု သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက တယ်လီဖုန်းကတစ်ဆင့် ဖြေကြားခဲ့သည်။

အရှေ့တောင်အာရှ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့က ဖေဖော်ဝါရီ ၁၅-၁၆ တို့တွင် ကယ်လီဖိုးနီးယားရှိ ဆန်နီဒေးတွင် ထိပ်သီးအစည်းအဝေး တွေ့ဆုံကျင်းပကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly