မီးဘေးသင့်ပြည်သူ့များထောက်ပံ့စရင်းတွင် ဂဏန်းဒိုင် ၃၇ ဦးမပါ၍ အခက်အခဲကြံု

မီးဘေးသင့်ပြည်သူ့များထောက်ပံ့စရင်းတွင် ဂဏန်းဒိုင် ၃၇ ဦးမပါ၍ အခက်အခဲကြံု
ဓာတ်ပုံ-စည်သူမောင်မောင်

ပုသိမ်၊ဖေဖော်ဝါရီ ၁၂ ။          ။ လပွတ္တာမြို့၊မီးဘေးသင့်သူများ ထောက်ပံ့မှုစရင်းတွင် ဧည့်စရင်းဖြင့်နေထိုင်သည့် ဂဏန်းဒိုင်  ၃၇ဦးမှာ ပါဝင်ခြင်းမရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

"ကျွန်တော်ကို နစ်နာသူများ စာရင်းမှာထည့်ခံရတယ်၊ပြီးတော့ ဘာအထောက်အပံမှ မရဘူး၊ဂဏန်းလုပ်ငန်းအဖွဲ့တွေက ထောက်ခံပေးတယ်၊နိုင်ငံတော် အခွန်ဆောင်ပြီးလုပ်နေတယ်၊ဒိုင်မှာ မအိပ်လို ဆုံးရှုံးမှုနည်းပါးတယ်ဆိုပြီး၊ အဖွဲ့အစည်းအား လုံးဖြုတ်ချ ထားတယ်၊ လက်ရှိ အနေအထားမှာ ကမ်းနားမှာ ဒိုင်ခန်းအကွက်တွေပေးရင် အဌားစာရင်းသူတွေပေးမယ် ဆိုတော့ နစ်နာသူစာရင်းထဲမှာဖြစ်တယ် ကျွန်တော်တို့မရဘူး"ဟု စည်သူဂဏန်းဒိုင်မှ ဦးစည်သူ ကပြောသည်။

လပွတ္တာမြို့နယ် ဂဏန်းလုပ်ငန်းရှင်များဥက္ကဋ္ဌက လည်း ပြန်လည်ထူထောင်ရေးအတွက်" လုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ငွေကြေး လိုအပ်ပါတယ်၊ အခန်းဌားလုပ်နေတဲ့ သူတွေကို သောင်းထွန်းမြေ မှာ နေရာရရှိရေး ဝန်ကြီးချုပ်တင်ပြထားတယ်၊ တိုင်းအစိုးရက မြေပြင်အခြေအနေကို ကြည့်ပြီးအမြန်အကောင်အထည်ဖော်ပေးစေချင်တယ်။ကြာရင် ဇာတ်မျောသွားရင် အားလုံးရေရှည် ဒုက္ခရောက်မှာပါ" ဟုပြောသည်။

လပွတ္တာမြို့မီးဘေးသင့်ပြည်သူများအား ဖေဖော်ဝါရီ ၁၁ရက်နေ့အထိ အလှူငွေကျပ် ၅၄၆၉.၁၁၉၂သိန်းနှင့် ပစ္စည်းတန်ဖိုးခန့်မှန်း ကျပ်၁၄၂.၉၇၂၉ သိန်းအထိ လပွတ္တာမြို့ကယ်ဆယ်ရေး စခန်း၊လေးထပ် ပရိယတ္တိစာသင်ကျောင်းတွင် လက်ခံရရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required