မန်ယူအသင်း မော်ရင်ဟိုနှင့် ညှိနှိုင်းပါက ၎င်းသိရှိရလိမ့်မည်ဟု ဗန်ဟားလ် ဆို

မန်ယူအသင်း မော်ရင်ဟိုနှင့် ညှိနှိုင်းပါက ၎င်းသိရှိရလိမ့်မည်ဟု ဗန်ဟားလ် ဆို

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၂ ။             ။ မန်ယူအသင်းအနေဖြင့် ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါက ၎င်းသိရှိရလိ့မ်မည်ဟု လက်ရှိမန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်က ယုံကြည်လျက်ရှိသည်။

ယခုတစ်ပတ်တွင် မော်ရင်ဟိုနှင့်မန်ယူတို့ သဘောတူညီမှု ရရှိခဲ့ပြီဆိုသည့် ကောလာဟလသတင်းများမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။ မော်ရင်ဟိုသည် မန်ယူကို လာမည့်နှစ်တွင် စတင်ကိုယ်တွယ်မည်ဖြစ်ပြီး တစ်နှစ်လုပ်ခလစာငွေ ပေါင် ၁၅ သန်းဖြင့် သုံးနှစ်စာချုပ် ချုပ်ရန် သဘောတူညီထားသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

သို့သော် ဗန်ဟားလ်က 'ကျွန်တော်တို့ စကားပြောဆိုမှုတွေ ပြုလုပ်နေတယ်လို့ ကျွန်တော် မပြောပါဘူး။ မော်ရင်ဟိုက ကျွန်တော့်ရဲ့ မိတ်ဆွေပါ။ ဒါကြောင့် ခင်ဗျား ဒီအကြောင်းကိုဆက်ပြီး ပြောနိုင် ပါတယ်။

မော်ရင်ဟိုနဲ့ မန်ယူတို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်သလား၊ မလုပ်ဘူးလားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော် ပြောနိုင်တာ တစ်ခုပဲ ရှိပါတယ်။ အသင်းရဲ့ ဒုတိယဥက္ကဋ္ဌ အက်ဝုဒ်ဝက်ဒ်နဲ့ စကားပြောဆိုထားပါတယ်။ သူတို့ အခြားနည်းပြတစ်ဦးနဲ့ ဆွေးနွေးခဲ့တယ်လို့ ကျွန်တော့် စိတ်ထဲမှာ မထင်ပါဘူး' ဟု ပြောသည်။

ထို့နောက် ဆက်လက်ပြီး ဗန်ဟားလ်က 'အသင်းအနေနဲ့ အခြားနည်းပြတစ်ဦးနဲ့ ဆွေးနွေးမယ်ဆိုရင် ကျွန်တော့်ကို ပြောပါလိ့မ်မယ်။ ဒါက ကျွန်တော်တို့ရဲ့ ဆက်ဆံရေးပါပဲ။ သူတို့ အပြောင်းအလဲ ပြုလုပ် ချင်တယ်ဆိုရင် သူတို့ကိုယ်တိုင် ပြင်ဆင်ပါလိ့မ်မယ်။ ဒါက ကျွန်တော်မြင်တဲ့ ပရော်ဖက်ရှင်နယ် သဘောထားပါပဲ' ဟု ပြောသည်။

မန်ယူအသင်းသည် ဗန်ဟားလ်၏ လက်ထက်တွင် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ယခုနှစ်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်တွင်လည်း ထိပ်ဆုံးမှ လက်စတာနှင့် ၁၂ မှတ် ကွာဟလျက်ရှိသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly