ကွင်းလယ်တိုက်စစ်မှူး ပေယက်ကို ၀က်စ်ဟမ်းအသင်း စာချုပ်သစ် ချုပ်ဆို

ကွင်းလယ်တိုက်စစ်မှူး ပေယက်ကို ၀က်စ်ဟမ်းအသင်း စာချုပ်သစ် ချုပ်ဆို

လန်ဒန်၊ ဖေဖော်ဝါရီ ၁၂ ။              ။ ဝက်စ်ဟမ်းအသင်းသည် ယခုနှစ်ရာသီတွင် ခြေစွမ်းပြလျက်ရှိသည့် ပြင်သစ်ကွင်းလယ် တိုက်စစ်ကစားသမား ဒီမီထရီပေယက်ကို စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ် သည်။

ဥရောပကလပ်အသင်းကြီးများက ခေါ်ယူရန် မျက်စိကျနေသည့် ပေယက်ကို ဝက်စ်ဟမ်းအသင်းက တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၂၅,၀၀၀ ဖြင့် ငါးနှစ်ခွဲ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ် သည်။ ဝက်စ်ဟမ်းနှင့် ပေယက်တို့ ချုပ်ဆိုခဲ့သည့် စာချုပ်တန်ကြေးမှာ ပေါင် ၁၀ သန်းကျော် တန်ကြေးရှိပြီး သက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိ ဖြစ်သည်။

ပေယက်၏ အခြေခံလစာငွေမှာ ပေါင် ၆၈,၀၀၀၊ တစ်ပတ် ပွဲထွက်ကစားခွင့်အတွက် ပေါင် ၂၅,၀၀၀ နှင့် လက်မှတ်ထိုးကြေးအတွက် ပေါင် ၁ သန်း ဖြစ်သောကြောင့် စုစုပေါင်းဆိုလျှင် တစ်ပတ်လုပ်ခ လစာငွေမှာ ပေါင် ၁၂၅,၀၀၀ ဖြစ်သွားခြင်း ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ပေယက်သည် ယခုနှစ်ရာသီတွင် ဝက်စ်ဟမ်းအသင်းအတွက် ၂၂ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုးသွင်းယူပေးထားသည်။

ဝက်စ်ဟမ်းအသင်းပိုင်ရှင် ဆူလီဗန်က '၂၅ နှစ်အတွင်း ကျွန်တော်ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ပေယက်က အကောင်းဆုံး ကစားသမားပါပဲ။ သူက ပေါင်သန်း ၃၀ လောက်တန်ကြေးရှိတဲ့ ကစားသမားပါ။ သူက ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီး ရပ်တန့်လို့ မရတဲ့သူလည်း ဖြစ်ပါတယ်' ဟု ချီးကျူး ပြောဆိုထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly