တောင်ကိုရီးယားနှင့် အရေးပေါ် hotlines ကို မြောက်ကိုရီးယား ပိတ်ပစ်မည်

တောင်ကိုရီးယားနှင့် အရေးပေါ် hotlines ကို မြောက်ကိုရီးယား ပိတ်ပစ်မည်

ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၁ ။             ။ ဒုံးကျည်ပစ်လွှတ်မှုများနှင့် နျူကလီးယားစမ်းသပ်မှုများနောက်ပိုင်း တင်းမာမှုများ ကြီးထွားလာနေသည့် အတောအတွင်းတွင် မြောက်ကိုရီးယားနိုင်ငံက   တောင်ကိုရီးယားနှင့် အဓိက အရေးပေါ်ဆက်သွယ်ရေး hotlines နှစ်ခုကို ဖြတ်တောက်တော့မည်ဖြစ်သည်။

မြောက်ပိုင်းရှိ နှစ်နိုင်ငံ ပူးတွဲဖွင့်လှစ်ထားသည့် ကီဆောင်စက်မှုဇုန်အား တောင်ကိုရီးယားနိုင်ငံဖက်က ပိတ်သိမ်းပြီးနောက် မြောက်ကိုရီးယားဖက်က တုံ့ပြန်လာခြင်းဖြစ်သည်။

ကီဆောင်စက်မှုဇုန်သည် ကိုရီးယားနှစ်နိုင်ငံကြား နောက်ဆုံး ပေါင်းကူးမှုများအနက်မှ တစ်ခုသော ဆက်သွယ်ထားမှုဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံအတွက် အဓိကဘဏ္ဍာငွေအရင်းအမြစ်လည်းဖြစ်သည်။

ကီဆောင်စက်မှုဇုန်အား တောင်ကိုရီးယားဖက်က ပိတ်သိမ်းလိုက်ခြင်းက စစ်ကြေညာလိုက်ခြင်းပင်ဖြစ်ပြီး စစ်ပွဲဇုန်တစ်ခုအဖြစ်သို့ တွန်းပို့လိုက်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားဖက်က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများအတွက် အသုံးပြုနေသည့် ဘဏ္ဍာဝင်ငွေကို ဖြတ်တောက်ရန်အတွက် ယခုကဲ့သို့ စက်မှုဇုန်အား ပိတ်သိမ်းခြင်းဖြစ်ကြောင်း တောင်ကိုရီးယားက ပြောသည်။

ပြီးခဲ့သည့်လအတွင်းက မြောက်ကိုရီးယားနိုင်ငံသည် စတုတ္ထမြောက် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း အာကာသသို့ ဂြိုဟ်တုလွှတ်တင်ခဲ့၍ နိုင်ငံတကာ၏ ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required