ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲအထိမ်းအမှတ် မကွေးဒေသခံနှစ်ဦး ဂုဏ်ပြုလမ်းလျှောက်

ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲအထိမ်းအမှတ် မကွေးဒေသခံနှစ်ဦး ဂုဏ်ပြုလမ်းလျှောက်

မကွေး  ၊ ဖေဖော်ဝါရီ   ၁၁ ။             ။ ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၁)နှစ်  ပြည့်မွေးနေ့အထိမ်းအမှတ် အဖြစ်၊ တောင်တွင်းကြီးမြို့၌ ဖွင့်လှစ်မည့် အာဇာနည်ရင်ပြင် နှင့် ဗိုလ်ချုပ်ကြေးရုပ်အား ဂုဏ်ပြုသည့် အနေဖြင့် မကွေးမြို့ခံနှစ်ဦးက မကွေးမြို့မှ တောင်တွင်းကြီးမြို့သို့ မိုင်(၅၀)ကျော်ခရီးကို ဖေဖော်ဝါရီ (၁၁)ရက်နေ့တွင် လမ်းလျှောက်ချီ တက်ခဲ့ကြသည်။

မကွေးမြို့ခံများဖြစ်ကြသော ဦးကျော်ကျော်သန်းနှင့်ဦးဝင်းထွန်းတို့သည် မကွေးမြို့ဗိုလ်ချုပ်ပန်းခြံမှ ဖေဖော်ဝါရီ ၁၁ ရက်နေ့၊နံနက် ၆ နာရီတွင် စတင်လမ်းလျှောက်ခဲ့ကြပြီး၊ အသစ်ဖွင့်လှစ်မည့်   တောင်တွင်းကြီးမြို့ရှိ အာဇာနည်ရင်ပြင်နှင့် ဗိုလ်ချုပ်ကြေးရုပ် အထိ ဂုဏ်ပြုလမ်းလျှောက်ကြမည်ဖြစ်သည်။

"ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်တုန်းကလည်း မကွေးကနေ နတ်မောက်အထိဂုဏ်ပြုလမ်း လျှောက်ခဲ့တယ်။ အခုလည်း ဗိုလ်ချုပ်နှစ်(၁၀၁)ပြည့်မွေးနေ့မှာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အသက်စွန့်ဦးဆောင်ကြိုးပမ်းပေးခဲ့တဲ့ အာဇာနည်ကြီးတွေကို ဂုဏ်ပြုသောအားဖြင့် တောင်တွင်းအထိလမ်းလျှောက်ချီတက်ကြမှာပါ။ ပြည်သူတွေက လည်း အားပေးကြပါတယ်။" - ဟု လမ်းလျှောက်ဂုဏ်ပြုသူ ဦးကျော်ကျော်သန်းက ပြောသည်။

ဗိုလ်ချုပ်အပါအဝင်လုပ်ကြံခံခဲ့ရသည့် အာဇာနည် ခေါင်း ဆောင်ကြီးများ၏ ကြေးသွန်းရုပ်တုများကိုထားရှိမည့် အာဇာနည်ရင်ပြင်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ အာဇာနည်ကျောက်တိုင် ပန်းခြံအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အာဇာနည်ခေါင်းဆောင် ကြီး(၈)ဦး၏ ကြေးသွန်းရုပ်တုများကို ဇူလိုင်(၁၉)ရက်၊အာဇာနည်နေ့တွင် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required