မြောက်ကိုရီးယားရှိ ကေဆောင်စက်မှုဇုန် တောင်ကိုရီးယားဘက်ကပိတ်သိမ်း

မြောက်ကိုရီးယားရှိ ကေဆောင်စက်မှုဇုန် တောင်ကိုရီးယားဘက်ကပိတ်သိမ်း

ပါဂျူး၊ ဖေဖော်ဝါရီ ၁၁ ။              ။ ဖေဖော်ဝါရီ ၁၁ က မြောက်ကိုရီးယားဘက်ရှိ ဆယ်စုနှစ်ကြာ ရင်းနှီးမြုပ်နှံမှုကို အဆုံးသတ်ခြင်းအား ကြီးကြပ်ရန် နယ်စပ်ကို ဖြတ်ကျော်လာသော တောင်ကိုရီးယား လုပ်ငန်းရှင်များ၏ ရင်ထဲတွင် ဒေါသနှင့် စိုးရိမ်စိတ်က ကြီးစိုးနေသည်။

မြောက်ကိုရီးယားအတွင် ၁၀ ကီလိုမီတာအကွာတွင် တည်ရှိသော ကေဆောင်ပူးတွဲစက်မှုဇုန်ကို ပိတ်ပစ်တော့မည်ဟု တောင်ကိုရီးယားက ကြေညာပြီး နောက်တစ်ရက်တွင် မြောက်ဖက်တစ်ဖက်တည်းသို့ သွားသောယာဉ်များ လွန်စွာများပြားလျက်ရှိသည်။

ကေဆောင်တွင် လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီ၁၂၄ခု၏ ပိုင်ရှင်များသည် ရွှေ့ပြောင်းရေးကို စီစဉ်နိုင်ရန် နံနက်အစောပိုင်းကပင် စက်မှုဇုန်သို့ကုန်တင်ကားများနှင့် မန်နေဂျာများကို စေလွှတ်ခဲ့သည်။

"ဘာတွေဖြစ်သွားတယ်ဆိုတာ မပြောတတ်တော့ပါဘူး။ ကုမ္ပဏီတွေအားလုံးက အကောင်းဆုံး ဆောင်ရွက်ခဲ့ကြပြီးမှ ခုတော့ ဒီလိုဖြစ်လာရတာပါ။ ဒီလိုမျိုးဖြစ်ရအောင် ကျွန်တော်တို့ဘာလုပ်ခဲ့လို့လဲ"ဟု စက်မှုဇုန်ရှိ အင်ဂျင်နီယာကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးဖြစ်သူ ဂျန်အစ်ဟိုက ပြောသည်။

ဂျန်၏ စကားများက စက်ရုံပိတ်သိမ်းရန် အမိန့်အပေါ် ကေဆောင်၏ တောင်ကိုရီးယားလုပ်ငန်းရှင်အသိုင်းအဝိုင်းကြား အထွေထွေမကျေနပ်မှုကို ရောင်ပြန်ဟပ်နေသည်။ ကိုရီးယားနှစ်နိုင်ငံကြား ရင်ကြားစေ့ရေး၏ အမှတ်သင်္ကေတအဖြစ် ၂၀၁၄က ဖွင့်လှစ်ခဲ့သော စီမံကိန်းက ပုံမှန်အတက်အကျရှိသော တောင်-မြောက်ဆက်ဆံရေး၏ ဒဏ်ကို ကောင်းစွာခံနိုင်ခဲ့သည်။

သို့သော်လည်း ကေဆောင်မှ မြောက်ကိုရီးယားတို့ရသော ငွေအများအပြားမှာ ခေါင်းဆောင်ကင်ဂျုံအန်၏ အတွင်းစည်းနှင့် နိုင်ငံ၏ နျူကလီးယားလက်နက်အစီအစဉ်ထဲသို့သာ ရောက်ရှိသွားပြီး လွန်ခဲ့သည့်လက နျူစမ်းသပ်မှုလုပ်ပြီးနောက် တာဝေးပစ်ဒုံးကျည်ကို ပစ်လွှတ်ခဲ့သေးသည်။

ရှောင်လွှဲမရသော အခြေအနေများကြောင့် စက်ရုံပိတ်သိမ်းရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ဆိုးလ်ရှိ အစိုးရက ပြောသည်။ သို့သော်လည်း ၎င်းတို့၏လုပ်ငန်းများကို ဆိုးဝါးသောနိုင်ငံရေးက ဖြုတ်ထုတ် သတ်လုပ်နေသည်ဟု ကုမ္ပဏီပိုင်ရှင်များက ပြောနေသည်။

စက်ရုံပိတ်သိမ်းမှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားဘက်က တရားဝင်ပြောဆိုမှုမရှိသေးပေ။ ၎င်း၏နိုင်ငံသားများသွားရာလမ်းကြောင်းတွင် အန္တရာယ်ကင်းရှင်းရေး ဆိုးလ်က ပြုံယမ်းကို တောင်းဆို ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required