မန်ယူနှင့်မော်ရင်ဟိုတို့တစ်ရာသီပေါင် ၁၅ သန်းတန်စာချုပ်ကို မူအားဖြင့်သဘောတူထား

မန်ယူနှင့်မော်ရင်ဟိုတို့တစ်ရာသီပေါင် ၁၅ သန်းတန်စာချုပ်ကို မူအားဖြင့်သဘောတူထား

ဖေဖော်ဝါရီ ၁၁၊ မန်ချက်စတာ ။            ။ မန်ယူနှင့်မော်ရင်ဟိုတို့သည် တစ်ရာသီပေါင် ၁၅ သန်းတန် သုံးနှစ်စာချုပ်ကို မူအားဖြင့်သဘောတူထားပြီးဖြစ်သည်ဟု ဒေးလီးမယ်ရာ သတင်းစာက ဖော်ပြလိုက်သည်။

မန်ယူအသင်းသည် မော်ရင်ဟိုနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို သဘောတူညီထားပြီးဖြစ်ကာ မော်ရင်ဟိုသည် အက်သလက် တီကိုမှ အရည်သွေးမြင့်အားကစားဒါရိုက်တာ ဘာထရာကိုလည်း ခေါ်ယူချင်နေသည်။

အီတလီလူမျိုးဘာထရာသည် မော်ရင်ဟို၏အေးဂျင့် ဂျော့ချ်မန်ဒက်စ်နှင့် ရင်းနှီးသည့်မိတ်ဆွေတစ်ဦးဖြစ်သည်။ မန်ယူသို့၎င်းရောက်လာပါက ကစားသမားသစ်ခေါ်သည့်တာဝန်ကို အမှုဆောင်ဒုဥက္ကဋ္ဌ ဝုဒ်ဝက်ဒ်ထံမှ လွှဲယူဖွယ်ရှိနေသည်။

မော်ရင်ဟိုအနေဖြင့် မန်ယူကိုတာဝန်ယူပြီးလျှင် မာတာနှင့် ဖယ်လိုင်နီတို့ကိုရောင်းထုတ်လိမ့်မည်ဟုလည်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြ ထားသည်။

၂၀၁၄ ဇန်နဝါရီတွင် ချယ်လ်ဆီးအသင်းက မာတာကို ပေါင် ၃၇ သန်းဖြင့်မန်ယူအသင်းထံရောင်းချခဲ့ရာ၌ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သော မော်ရင်ဟိုအနေဖြင့် မန်ယူကိုကိုင်တွယ်သည့်အခါတွင်လည်း မာတာကို ၎င်း၏အစီအစဉ်ထဲ၌ ထည့်သွင်းလိုခြင်းမရှိသည့် အနေအထားဖြစ် သည်။

၂၀၁၃ တွင်မန်ယူသို့ရောက်လာပြီးကတည်းက ရုန်းကန်နေရသည့် ဖယ်လိုင်နီသည်လည်း အလားတူအနေအထားမျိုးဖြစ်နေသည်။

Ref; Mirror, Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required