နေမာ စာချုပ်သစ်ချုပ်ဆိုရန် သေချာသည်ဟု ဘာစီလိုနာအသင်း၏ ဒုတိယဥက္ကဋ္ဌ ဆို

နေမာ စာချုပ်သစ်ချုပ်ဆိုရန် သေချာသည်ဟု ဘာစီလိုနာအသင်း၏ ဒုတိယဥက္ကဋ္ဌ ဆို

စပိန်၊ ဖေဖော်ဝါရီ ၁၁ ။                ။ ဘာစီလိုနာအသင်း၏ ဒုတိယဥက္ကဋ္ဌ ကာလက်စ်ဗီလာရူဘီက ဘရာဇီးတိုက်စစ်မှူး နေမာနှင့် စာချုပ်သစ်ချုပ်ဆိုရန် သေချာကြောင်း ပြောဆိုလိုက်သည်။

နေမာ၏ဖခင်ဖြစ်သူက မန်ယူအသင်းသည် ပြီးခဲ့သည့်နွေရာသီက ၎င်း၏သားကို ပြောင်းရွှေ့ကြေး ပေါင် ၁၄၄ သန်းဖြင့် ကမ်းလှမ်းခဲ့သည်ဟု ယခုလ အစောပိုင်းက ဖွင့်ဟခဲ့သည်။ ယခုအချိန်တွင် နေမာကို မန်ယူနှင့် မန်စီးတီးတို့က အပြိုင်စိတ်ဝင်စားနေကြပြီး လာမည့် နွေရာသီတွင် ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

နေမာ၏ လက်ရှိစာချုပ်မှာ ၂၀၁၈ ခုနှစ်အထိ ဖြစ်သော်လည်း ဘာစီလိုနာအသင်းက အသက် ၂၄ နှစ်အရွယ်ရှိ ဘရာဇီးအသင်းခေါင်းဆောင်ကို စာချုပ်သစ် ချုပ်ဆိုနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

'နေမာ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးပါလိမ့်မယ်။ အသင်းက အလိုရှိတဲ့အချိန်၊ နေမာကလည်း အလိုရှိတဲ့အချိန်မှာ ဒီကိစ္စ ဖြစ်လာပါလိ့မ်မယ်။ လုံး၀ သေချာပါတယ်။

ဘာစီလိုနာအသင်းမှာ သူ့ရဲ့ အသင်းဖော်တွေနဲ့အတူ နေမာ ပျော်ရွှင်နေပါတယ်။ အသင်းကလည်း သူ့ကို ပျော်ရွှင်မှုတွေ အများကြီး ပေးထားပါတယ်' ဟု ဒုတိယဥက္ကဋ္ဌ ကာလက်စ်ဗီလာရူဘီက ပြောဆိုခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly