ဘားအံမြို့တွင်​ လူ့အခွင်​့အ​ရေးနှင်​့​ မြေယာအခွင်​့အ​ရေးများအ​ကြောင်​း သင်​တန်​းဖွင်​့

ဘားအံမြို့တွင်​ လူ့အခွင်​့အ​ရေးနှင်​့​ မြေယာအခွင်​့အ​ရေးများအ​ကြောင်​း သင်​တန်​းဖွင်​့

ဘားအံ၊  ဖေဖော်ဝါရီ ၁၁ ။               ။ မြေယာပြဿနာနှင့် လူမှုပြဿနာများ အခက်အခဲများ ရင်ဆိုင်ဖြေရှင်းရာတွင် အသိမြင်များပွင့်လင်းစေရန် ရည်ရွယ်သော သင်တန်းတစ်ခုကို ဘားအံမြို့ ရှိ Youth Learning Center တွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရှိရသည်။

မြေယာအခွင့်အရေးဆုံးရှုံးမှုများ၊ လူ့အခွင့်အရေဆုံးရှုံးမှုများ၊ မြေယာများနှင့်ပတ်သက်ပြီး ဥပဒေများအပေါ်နားလည်မူအားနည်းနေခြင်းများ၊ မြေယာသိမ်းဆည်းမှုပြဿနာများကို ဖြေရှင်းရာတွင် အဆင့် အဆင့် ဆောင်ရွက်ရန်လိုအပ်ခြင်း စသည့်အချက်များကို သင်တန်းတွင် ပို့ချခဲ့သည်ကိုတွေ့ရသည်။

Ethnic Peace Resources Project (EPRP)မှ ဦးဆောင်၍ အရပ်ဖက်လူမူအဖွဲ့အစည်းများ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ပြီး သုံးရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အတွင်း ရှိ မြို့နယ် ၇ မြို့နယ်မှ သင်တန်းသား ၃၀ ကျော် တက်ရောက်ကြောင်း သိရှိရသည်။

မြေယာဆုံးရှုံးခြင်းဆိုသည်မှာနောက်ကွယ်တွင် အဓိပ္ပာယ်သက်ရောက်မှုများစွာရှိကြောင်း၊ မြေယာတစ်ခုဆုံးရှုံးခြင်းသည် စားဝတ်နေရေးဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကြောင်းဆုံးရှုံးခြင်းနှင့် ရေရှည်ရပ်တည်မှုကိုတိုက်ရိုက် ထိခိုက်စေနိုင်သောကြောင့် နိုင်ငံအဝှမ်းအရေးကြီးသော ပြဿနတစ်ရပ်အဖြစ်မြင်ကြောင်း သင်တန်းဒါရိုက်တာ ကိုတိုးကျော်လှိုင်က ပြောကြားသည်။

"နိုင်ငံနဲ့အဝှမ်းမြေယာသိမ်းဆည်းမှုများပုံသဏ္ဍန်မျိုးစုံနဲ့ရှိနေတယ်။ တိုင်းရင်းသားဒေသတွေမှာကျွန်တော်တို့ထင်ထားတာထက် ပိုဆိုးရွားတာကိုတွေ့ရတယ်။အချို့တိုင်းရင်းသားဒေသတွေမှာဆိုရင် သိမ်း ဆည်းခံထားရတဲ့ မြေယာတွေဟာ ဧကသိန်းသန်းချီပြီးတော့တောင် ရှိတယ်"ဟု ၎င်းက ပြောသည်။

မြေယာပြသနာများနှင့်ပတ်သက်ပြီး ယခင်အစိုးရလက်ထက်တွင် ထိရောက်သောဖြေရှင်းမူများ မတွေ့ရကြောင်း၊ ယခုတက်ရောက်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း အဓိကဦးစားပေးမူ ဝါဒများ စွာရှိနေနိုင်သောကြောင့် မြေယာပြသနာဖြေရှင်းမှုနှင့် ပတ်သက်ပြီး ကောင်းမွန်သော မူဝါဒများနှင့် စီမံခန့် ခွဲမူကောင်းများရှိရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required