အစ္စရေးဝန်ကြီးချုပ် ဇနီး အိမ်စေကို နှိပ်စက်၍ တရားစီရင်ခံရ

အစ္စရေးဝန်ကြီးချုပ် ဇနီး အိမ်စေကို နှိပ်စက်၍ တရားစီရင်ခံရ

ဂျေရုစလင်၊ ဖေဖော်ဝါရီ ၁၁ ။              ။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ဇနီးဖြစ်သူက ဆာရာက အိမ်ဖော်အား နှိပ်စက်ညင်းပန်းသည်ဟု အလုပ်သမားတရားရေးရုံးက စီရင်ချက်ချမှတ်သည်။ ယင်းအမှုကို ယခင်အိမ်ထိန်းတစ်ဦးက တရားစွဲဆိုခြင်းဖြစ်သည်။

အိမ်ထိန်းအမျိုးသားဖြစ်သူ မီနီနက်ဖ်တာလီက ဆာရာ၏ ကိုယ်ထိလက်ရောက်ပြုမှုခြင်းနှင့် နှုတ်အားဖြင့် ရုန့်ရင်းပြောဆိုခြင်းများကို ခံရကြောင်း တိုင်ကြားချက်အား တရားရုံးက လက်ခံကာ လျော်ကြေး အဖြစ် ပေါင် ၃၀၂၀၀ နီးပါးကို ဆာရာအားပေးဆောင်စေသည်။

နေတန်ယာဟု၏ ဇနီးဖြစ်သူ ဆာရာသည် အလုပ်သမားများအပေါ် ဒေါသတကြီးဆက်ဆံပြီး မလျော်မကန်ဆက်ဆံမှုများ ရှိကြောင်း တရားရုံးက ဆုံးဖြတ်သည်။ ယင်းတိုင်ကြားချက်က လိမ်လည် တိုင်ကြားခြင်းသာဖြစ်ပြီး အလုပ်သမားများအပေါ် ယဉ်ကျေးစွာ ဆက်ဆံကြောင်း ဆာရာနေတန်ယာဟုက ပြောဆိုသည်။

ဝန်ကြီးချုပ်ရုံးက ယခုအမှုကိစ္စနှင့် ပတ်သက်ကာ မည်သည့်ထင်မြင်ချက်မှ မပေးသေးပေ။ ဖေဖော်ဝါရီ ၁၀ ရက်က တရားရုံးကြားနာရာတွင် မီနီနှင့် အခြားအလုပ်သမားများ၏ ဆာရာအား တိုင်ကြားခြင်း များနှင့် ပတ်သက်ပြီး ယုံကြည်လောက်သည်ဟု တရားရုံးက ဆုံးဖြတ်စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required