မင်းသမီး ဂျောင်ဂျီဟွန်း သားဦးလေးမွေးဖွား

မင်းသမီး ဂျောင်ဂျီဟွန်း သားဦးလေးမွေးဖွား

တောင်ကိုရီးယား မင်းသမီး ဂျောင်ဂျီဟွန်းသည် ဆိုးလ်မြို့ရှိ ဆေးရုံတစ်ရုံတွင် သားဦးလေးကို မွေးဖွားခဲ့ကြောင်း မီဒီယာတစ်ခုက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဂျောင်ဂျီဟွန်းတို့ ဇနီးမောင်နှံသည် အလွန်ပျော်ရွှင်နေကြောင်း သတင်းမီဒီယာတစ်ခု၏ ပြောကြားချက်အရ သိရသည်။

ဂျောင်ဂျီဟွန်းသည် ၎င်းပါဝင် သရုပ်ဆောင်ထားသော “The Assassination” ဇာတ်ကားကို ပြီးခဲ့သည့်နှစ် ဇူလိုင်လက ထုတ်လွှင့်ခဲ့ပြီးနောက် ၎င်းတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြာင်းနှင့် ကိုယ်ဝန်မှာ ၁၀ ပတ်ရှိပြီ ဖြစ်သည့်အတွက် အနုပညာလုပ်ငန်းများကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဂျောင်ဂျီဟွန်းသည် ၂၀၁၂ ခုနှစ်က ချိုဂျွန်ဟွတ်ခ်နှင့် လက်ထပ်ခဲ့ သည်။ ခင်ပွန်းဖြစ်သူ ချိုဂျွန်ဟွတ်ခ်သည် ကိုရီးယား ရိုးရာဝတ်စုံ ဒီဇိုင်နာ လီယောင်ဟီ၏ မြေးဖြစ်ပြီး  Bank of America တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly