မန်စီးတီးအသင်း၏ မာလ်ဒီနီဖြစ်လိုကြောင်း ယာယာတိုရေးဖွင့်ဟ

မန်စီးတီးအသင်း၏ မာလ်ဒီနီဖြစ်လိုကြောင်း ယာယာတိုရေးဖွင့်ဟ

ဇွန် ၂၇၊ မန်ချက်စတာ။ ။ ကွင်းလယ်ကစားသမား ယာယာတိုရေးက မန်စီးတီးအသင်းတွင်ကာလရှည်ဆက်ကစား လိုကြောင်းနှင့် မန်စီးတီးအသင်း၏ မာလ်ဒီနီဖြစ်လို ကြောင်း ပြောကြားလိုက်သည်။

ယာယာတိုရေးသည် မန်စီးတီးနည်းပြဟောင်း မန်စီနီကိုင်တွယ်နေသည့် အင်တာမီလန်အသင်းနှင့် သတင်းများထွက်ပေါ်နေပြီး အီတလီလူမျိုး နည်းပြမန်စီနီကလည်း တိုရေးသည်အသင်းပြောင်းရန် ဆန္ဒပြင်းပြနေသည်ဟု ပြောဆိုထားသည်။

သို့သော်အသက်၃၂ နှစ်အရွယ်ရှိ တိုရေးက ပယ်လီဂရီနီ၏မန်စီးတီးအသင်းတွင်သာ ဆက်လက်ကစား လိုပြီးအေစီမီလန်အသင်း ၌ကာလ ရှည်ကစားသွားသည့် ပေါ်လိုမာလ်ဒီနီကဲ့သို့ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်လိုနေခြင်းဖြစ်သည်။

"အဲဒါမျိုးက ကစားသမားအားလုံးရဲ့ အိပ်မက်ပါပဲ။ တခြားကစားသမားအချို့ကိုလည်း ကျွန်တော်ပြောခဲ့ရာမှာ ဘာလို့လဲဆို ပြီး ပြန်မေးကြပါ တယ်။ အဓိက ကစားသမားတွေဖြစ်တဲ့ မာလ်ဒီနီ၊ ဘာရီဆီ၊ ဒယ်လ်ပီယာရို၊ တော့တီတို့လို ဖြစ်ချင်လို့ဆိုပြီး ကျွန်တော် ပြန်ပြောလိုက်ပါတယ်။ အဲဒီကစားသမားတွေဟာ အသင်းမှာအကြာကြီး ကစားကြတယ်"ဟု တိုရေးက မန်ချက် စတာညနေခင်း သတင်းစာသို့ပြောသည်။

အင်တာမီလန်အသင်းက ခေါ်ယူရန်ကြိုးပမ်းနေစဉ်တိုရေးသည် အနာဂါတ်အတွက် မန်စီးတီးအသင်းဥက္ကဋ္ဌ အယ်လ်မူဘာ ရက်နှင့် မေလအ တွင်းဆွေးနွေးခဲ့သည်။

မန်စီးတီးအသင်းတွင်ဆက်နေရန် ဆုံးဖြတ်ဖြစ်ခဲ့ရာ၌ မန်စီးတီးပရိသတ်များ၏ အခန်းကဏ္ဍက လွန်စွာအရေးပါခဲ့သည်ဟု အိုင်ဗရီကို့စ်လက် ရွေးစင် တိုရေးကဆိုသည်။

"လူတွေက ကိုယ့်ကိုအားပေးကြတာဟာ လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ရော၊ ကစားသမားတစ်ဦးအတွက်ပါ သိပ်ကိုအရေးပါပါတယ်။ ပရိသတ်တွေ က အသင်းကို အတော်လေးအားပေးကြပါတယ်။ ပရိသတ်တွေရဲ့ သစ္စာရှိရှိအားပေးမှုကို မြင်ရတဲ့အခါ ဘယ်ကို မှမသွားနိုင်တော့ပါဘူး။ အဲဒါ က မန်စီးတီးအသင်းမှာ ကျွန်တော်ဆက်နေဖြစ်စေတဲ့ အရာပါပဲ။ ကျွန်တော်အကြာကြီး ဆက်ကစားချင်ပါတယ်"ဟု တိုရေးက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required