ဂွာဒီယိုလာက မန်စီးတီးသို့ပြောင်းအောင် ဆွဲဆောင်နိုင်ဟု ဘက်စကွက်ဝန်ခံ

ဂွာဒီယိုလာက မန်စီးတီးသို့ပြောင်းအောင် ဆွဲဆောင်နိုင်ဟု ဘက်စကွက်ဝန်ခံ

ဖေဖော်ဝါရီ ၁၀၊ ဘာစီလိုနာ ။           ။ လာမည့်နွေရာသီတွင် မန်စီးတီးနည်းပြဖြစ်လာမည့် ဂွာဒီယိုလာသည် မိမိအား မန်စီးတီးသို့လာကစားရန် ဆွဲဆောင်နိုင်ဖွယ်ရှိသည်ဟု ဘက်စကွက်က ပြောသည်။

၂၀၀၈ တွင် ၎င်းကိုနူးကမ့်ကစားသမားဘဝကိုစတင်စေခဲ့သည့် ဂွာဒီယိုလာသည် ကမ္ဘာပေါ်တွင် ၎င်းအားဘာစီလိုနာမှထွက်ခွာအောင် ဆွဲခေါ်နိုင်စွမ်းရှိသည့် နှစ်ဦးတည်းသောပုဂ္ဂိုလ်အနက်မှ တစ်ဦးဖြစ် သည်ဟု စပိန်လက်ရွေးစင် ဘက်စကွက်ကဆိုသည်။

အသက် ၂၇ နှစ်ရှိဘက်စကွက်သည် စပိန်လာလီဂါချန်ပီယံဘာစီလိုနာအသင်းနှင့် ၂၀၁၉ ဇွန်အထိ စာချုပ်သက်တမ်းရှိသေးသော်လည်း ဂွာဒီယိုလာကိုလာမည့်နှစ်တွင်နည်းပြခန့်မည့် မန်စီးတီးအသင်း သည်ယင်းကစားသမားကိုခေါ်ရန် ငွေကြေးတောင့်တင်းသည့်အသင်းဖြစ်သည်။

"ဘာစီလိုနာမှာဆက်နေမယ့်ကျွန်တော့်ဆုံးဖြတ်ချက်ကိုပြောင်းလဲစေနိုင်တာ နှစ်ယောက်ပဲရှိတယ်လို့ ကျွန်တော်အမြဲပြောခဲ့ပြီးသားပါ။ တစ်ယောက် ကျွန်တော့်ဇနီးပါ။ လက်ရှိတော့သူ ဒီမှာပျော်နေလို့ ပြင်ပဘဝမှာ ငြင်းခုံစရာမရှိဘူးလို့ထင်ပါတယ်။

အားကစားလောက, က နောက်တစ်ယောက်ကတော့ ဂွာဒီယိုလာပါ။ သူ့ကိုပေးဆပ်ရမယ့်ကျေးဇူးကြွေးတွေကျွန်တော့်မှာ ရှိနေပါတယ်။ သူနဲ့ နောက်တစ်ခါလက်တွဲခွင့်ရရင် ဂုဏ်ယူစရာဖြစ်လာမှာပါ။
ဒါပေမဲ့ ဘာစီလိုနာဟာသူနဲ့ကျွန်တော့်ရဲ့အသင်းဖြစ်တယ်ဆိုတာ သူသိပါတယ်။ ကျွန်တော်ဆက်ကစားဖို့အကောင်းဆုံးအသင်းဖြစ်တယ်ဆို တာသူသိပါတယ်။ မန်ချက်စတာမှာကစားဖို့ ကျွန်တော့်ကို ဘာစီလိုနာကနေ သူထွက်ခိုင်းမယ်လို့တော့ မထင်ပါဘူး။

ကျွန်တော့်ကစားသမားဘဝအဆုံးသတ်တဲ့အခါ ဆုဖလားများစွာပိုင်ဆိုင်တဲ့ ခမ်းနားတဲ့အသင်းတစ်သင်းရဲ့ ကစားသမားအဖြစ်နဲ့ သမိုင်းတွင်ဖို့ မျှော်လင့်ထားပါတယ်။ ဘာစီလိုနာအတွက် ပွဲအများဆုံး ကစားတဲ့ကစားသမားတွေထဲက တစ်ယောက်လည်းဖြစ်ချင်ပါတယ်"ဟု ဘက်စကွက် က ပြောသည်။

ဘက်စကွက်သည် ဘာစီလိုနာအတွက် ၃၆၅ ပွဲကစား၊ ၁၂ ဂိုးသွင်းထားပြီး လာလီဂါ ငါးကြိမ်နှင့် ချန်ပီယံလိဂ်သုံးကြိမ်အပါအဝင် အခြားဆုဖလားများစွာ ရရှိထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly