ယူအေအီးက ပျော်ရွှင်မှုရေးရာဝန်ကြီး ခန့်အပ်၍ ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးနိုင်ငံဖြစ်လို

ယူအေအီးက ပျော်ရွှင်မှုရေးရာဝန်ကြီး ခန့်အပ်၍ ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးနိုင်ငံဖြစ်လို

ရီယာ့၊ ဖေဖော်ဝါရီ - ၁၀ ။               ။ အထူးသဖြင့် လက်ရှိရေနံဈေးနှုန်းဖြင့်တော့ ပျော်ရွှင်မှုကို ငွေကြေးဖြင့် ဝယ်ယူ၍ မရနိုင်ကောင်းပါ။ ထို့ကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးကို အုပ်စိုးသူများက တစ်မူထူးခြားသည့် စိတ်ကူးတစ်ခု ရလာကြသည်။ ယင်းမှာ ပျော်ရွှင်မှုရေးရာဌာန ဝန်ကြီးတစ်ဦး ခန့်အပ်ရန် ဆုံးဖြတ်လိုက်ကြခြင်းပင် ဖြစ်သည်။

အကြီးဆုံး အမိုးအကာအတွင်း စကိတ်ကွင်းကြီးနှင့် အုန်းထန်းပင်သဏ္ဍာန် ကျွန်းတစ်ကျွန်းကြောင့် လူသိများသည့် ပါရှန်းပယ်လယ်ကွေ့ နိုင်ငံဖြစ်ရုံမျှနှင့် မလုံလောက်တော့ပါ။ ပျော်ရွှင်မှုရေးရာဌာနတွင် သာမဟုတ်ပါ။ ခန္တီစကလည်း ရှားပါးပြတ်လပ်နေပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ခန္တီစရေးရာ ဝန်ကြီးတစ်ဦးလည်း ခန့်အပ်ရပါလိမ့်မည်။

ယူအေအီးကို အုပ်ချုပ်နေသည့် ရှိတ်စော်ဘွားများက နိုင်ငံ၏ ၄၄နှစ်တာ သမိုင်းကာလတွင် အကျယ်ပြန့်ဆုံး အစိုးရ ပြန်လည်ဖွဲ့စည်းမှု ပြုလုပ်မည်ဟု ကြေညာခဲ့ရာ ယင်းတို့အထဲတွင် ပျော်ရွှင်မှုနှင့် ခန္တီစရေးရာ ဝန်ကြီးသစ်နှစ်ဦး ခန့်အပ်ရန်လည်း ပါဝင်နေသည်။

 ဒူဘိုင်းအုပ်ချုပ်သူနှင့် နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သည့် ရှိတ် မိုဟမ္မတ် ရာရှစ် အယ်လ် မာ့တွမ်က တွစ်တာတွင် ဘုရင့်အမိန့်ဒီဂရီနှင့်တကွ ကြေညာခဲ့ခြင်းပင် ဖြစ်သည်။

 ‘ဒါက ခရီးသစ်တစ်ခုရဲ့အစပဲ။ လူတွေကို ပေးဆပ်တာပဲ။ ပြည်သူတွေကို ဂရုစိုက်ပြီး အကျိုးတော်ဆောင်ပေးနိုင်ဖို့ ဘုရားသခင်က ကျနော်တို့ကို ကူညီဖို့ တောင်းဆိုပါတယ်’ဟု ရှိတ် မိုဟမ္မတ်က အာရပ်ဘာသာ ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

ပျော်ရွှင်မှုနှင့် ခန္တီစမှာ ဗျူရိုကရေစီယန္တရား ပြောင်းလဲမှုတွင် သိသာထင်ရှားသည့် အပြောင်းအလဲနှစ်ခုဖြစ်ပြီး ဝန်ကြီးသစ်နှစ်ဦး၏ လုပ်ပိုင်ခွင့်များကိုမူ ကွဲကွဲပြားပြား မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required