လိပ်ကျွန်းအမှု အယူခံ ဖေဖော်ဝါရီ ၂၄ ရက်တွင် တင်မည်

လိပ်ကျွန်းအမှု အယူခံ ဖေဖော်ဝါရီ ၂၄ ရက်တွင် တင်မည်

လိပ်ကျွန်းဗြိတိန်စုံတွဲသတ်မှုဖြင့် အပြစ်ရှိသည်ဆိုကာ သေဒဏ်ချမှတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအတွက် အယူခံဝင်ရန် ရှေ့နေအဖွဲ့က ပြင်ဆင်လျက်ရှိသည်။

“အယူခံကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ဝင်မှာပါ။ ကျွန်တော်တို့ အယူခံက ထိထိရောက်ရောက်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။”ဟု တရားခံများရှေ့နေ နက်ခွန်ချွမ်ဖူချက်က ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲဖြစ်သည့် ဒေးဗစ်အား သတ်ကာ ဟန်နာအား မုဒိမ်းပြုကျင့် သတ်ဖြတ်မှုဖြင့် ကော့စမွေတရားရုံးက အပြစ်ရှိသည်ဆိုကာ သေဒဏ်ချမှတ်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly