“Fromation” ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ဧပြီလတွင် စတင်သွားမည့် ဘီယွန်စေး

“Fromation” ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ဧပြီလတွင် စတင်သွားမည့် ဘီယွန်စေး

နာမည်ကျော်အဆိုတော် ဘီယွန်းစေးသည် ဖေဖော်ဝါရီ ၇ ရက်က ကျင်းပပြုလုပ်သော Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန် ဖျော်ဖြေပွဲတွင် ဖျော်ဖြေခဲ့ပြီးနောက် ဧပြီလတွင် “Formation” ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖျော်ဖြေပွဲသည် သုံးနှစ်တာကာလအတွင်း ဂရမ်မီဆုရှင် ဘီယွန်းစေး၏ ပထမဆုံး ကမ္ဘာလှည့် ဖျော်ဖြေပွဲ ဖြစ်လာမည်ဖြစ်သည်။ “Formation” ဖျော်ဖြေပွဲကို ဧပြီ ၂၇ ရက်တွင် မီယာမီ၌ စတင် ကျင်းပသွားမည် ဖြစ်သည်။

Super Bowl ဖျော်ဖြေပွဲအတွင်း ဘီယွန်စေးသည် Cold Play နှင့် ဘရူနိုမက်စ်တို့နှင့်အတူ ဖျော်ဖြေခဲ့ကြပြီး ဘီယွန်စေးအကြောင်းသည် လူမှုရေး မီဒီယာတွင် လွှမ်းမိုးခဲ့သည်။ ဘီယွန်စေးနှင့် စပ်လျဉ်း၍ ပရိတ်သတ် ၁ ဒသမ ၃ သန်းကျော် ပြောဆိုခဲ့ကြောင်း တွစ်တာဝက်ဆိုက်ဘ်မှ ရရှိသော ကိန်းဂဏန်းများအရ သိရပြီး အပြောအများဆုံး တေးသီချင်းသည် “Formation” တေးသီချင်း ဖြစ်သည်။

ဘရူနိုမက်စ်သည် ၂၀၁၅ ခုနှစ်၏ ရောင်းအားအကောင်းဆုံး တေးသီချင်း “Uptown Funk” တေးသီချင်းကို သီဆိုခဲ့ပြီး ဘီယွန်စေးသည် “Formation” တေးသီချင်းကို သီဆိုခဲ့သည်။

ဘီယွန်စေးသည် “Formation” ကမ္ဘာလှည့်ဖျော်ဖြေပွဲ လက်မှတ်များကို ဖေဖော်ဝါရီ ၁၆ ရက် တွင် အများပြည်သူများသို့ စတင် ရောင်းချပေးသွားမည် ဖြစ်သည်။

ဘီယွန်စေးသည် ခင်ပွန်းဖြစ်သူ ဂျေဇီးနှင့် ၂၀၁၄ ခုနှစ်နွေရာသီက သီတင်းပတ် ခြောက်ပတ် ကြာသော Run Tour ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးကို နောက်ဆုံး ကျင်းပခဲ့သည်။ “Formation” ကမ္ဘာလှည့် ဖျော်ဖြေရေးသည် ၂၀၁၃ ခုနှစ်က Mrs. Carter Show ကမ္ဘာလှည့် ဖျော်ဖြေရေးနောက် ပိုင်း ဘီယွန်စေး၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly